Sunday, April 8, 2018

ဆာလံကျမ်း အခန်းကြီး ၁၃

၁ အိုထာဝရဘုရား အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံး မေ့လျော့တော်မူ မည်နည်း၊၊ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း၊၊
၂ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှ ကာလပတ်လုံးတွေးတောသောစိတ် ရှိရပါမည်နည်း၊၊ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ  ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း၊
၃ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင် တော်မူပါ၊၊ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ၊၊ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းကို ရောက်ရပါမည်၊၊
၎ အကျွန်ုပ် ၏ ရန်သူက ငါနိုင်ပြီဟုဆို၍ အကျွန်ုပ်ကို နှောင့်ယှက်သောသူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါ လိမ့်မည်၊၊
၅ အကျွန်ုပ်သည် ဂရုဏာတော်ကို ယုံကြည်ပါ၏၊၊ ကယ်တင်တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်းပါလိမ့်မည်၊
၆ အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊