Tuesday, March 13, 2018

ဟောရှေအနာဂတ္တိကျမ်း အခန်းကြီး ၇
၁ ဣသရေလအမျိုး၏အနာကို ပျောက်စေခြင်းငှါ ငါပြုသောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှမာရိပြုသောအဓမ္မ အမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ထားပြအလုံးအရင်း တို့သည် တိုက်တတ်ကြ၏။
၂ သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည်ဟု မိမိတို့စိတ်နှလုံးထဲမှာ မအောက်မေ့ ကြ။ ယခုပင် ထိုအမှုတို့သည် သူတို့ကိုဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင်ရှိကြ၏။
၃ ဆိုးညစ်သောအမှုအားဖြင့် ရှင်ဘုရင် ကိုင်း၊ မုသာစကားအားဖြင့် မင်းများကိုင်း ဝမ်းမြောက်စေကြ၏။
၎ ထိုသူအပေါင်းတို့သည် မတရားသောမေထုန် ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီးထဲ့သောမုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖောင်းကြွမှီတိုင်အောင်၊ မီးမဆော်ဘဲ ငြိမ်ဝပ်စွာနေရ၏။
၅ ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည်စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင်ပြုသောသူတို့ကိုလက်ခံတတ်၏။
၆ အကယ်စင်စစ် သူတို့သည် ချောင်း၍ကြည့်လျက် နေကြစဉ်၊ မိမိတို့နှလုံးကို မီးဖိုကဲ့သို့ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် သည်တညဥ့်လုံးအိပ်သော်လည်း၊ နံနက်အချိန်၌ တောက်သောမီးဖိုကဲ့သို့ လောင်လျက်ရှိ၏။
၇ ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ပူကြ၏။ မိမိတို့တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင်အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သောသူ တယောက်မျှမရှိ။
၈ ဧဖရိမ်သည် တပါးအမျိုးသားတို့နှင့် ပေါင်းဘော်ရောနှောလျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မလှန်သောမုန့်ပြားဖြစ်၏။
၉ သူမသိ မမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ၏ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်းပေါ်မှာဖြူသောဆံပင် အနှံ့အပြားရှိပြီ။
၁၀ ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သော်လည်း၊ အမျိုးသားတို့ သည် ကိုယ်ဘုရားသခင် ထာဝရဘုရား ထံတော်သို့ မပြန်မလာကြ။ အမှုရောက်သော်လည်း ဘုရားကိုမရှာကြ။
၁၁ ဧဖရိမ်သည် ဥာဏ်မရှိ၊ မိုက်သောချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေးတတ်၏။
၁၂ သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို အုပ်မိမည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိမ့်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်း ငါဆုံးမမည်။
၁၃ သူတို့သည် ငါ့ထံမှထွက်၍လည်သောကြောင့် အမင်္ဂလာရှိ ကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီးဘို့ရာဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကား ကိုပြောကြ၏။
၁၄ သူတို့သည် အိပ်ရာပေါ်မှာမြည်တမ်းသော်လည်း၊ စေတနာစိတ်နှင့် ငါ့ကိုမအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကိုရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
၁၅ ငါသည်ဆုံးမသော်င်း၊ သူတို့ကိုခိုင်ခံ့စေသော်င်း၊ ငါ့တဘက်၌ မကောင်းသောအကြံကို ကြံစည်ကြ၏။
၁၆ အကျိုးနည်းရှိကြ၏။ လိမ့်တတ်သောလေးကဲ့သို့ဖြစ်ကြ၏။ လင်းနို့သည် စော်ကားသောကြောင့် ထားဖြင့်သေ၍၊ အဲဂုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကိုခံရကြလိမ့်မည်။