ယေရမိမြည်တမ်းစကား အခန်းကြီး ၅
၁ အိုထာဝရဘုရား၊ အကျွန်ုပ်တို့၌ ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသော ကဲ့ရဲ့ခြင်းကို ကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
၂ အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါးအမျိုးသားတို့လက်သို့င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းတနိုင်ငံသား တို့လက်သို့င်းရောက်ပါပြီ။
၃ အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ် ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည် မုတ်ဆိုးမကဲ့သို့ နေရပါ၏။
၎ ငွေပေးမှရေကိုသောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
၅ ထမ်းဘိုးကို အစဉ်ထမ်းရပါ၏။ မရပ်မနေ လုပ်ကိုင်ရပါ၏။
၆ စားစရာကို ရခြင်းငှါ အဲဂုတ္တုပြည်သား အာရှုရိပြည်သားတို့၌ ကျွန်ခံရပါ၏။
၇ ဘိုးဘေးတို့ သည် ပြစ်မှား၍ သေပြီးမှ အကျွန်ုပ်တို့သည် သူတို့အပြစ်များကို ခံရပါ၏၊၊
၈ သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုး ကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ်မနှုတ်ပါ၊၊
၉ တော၌ ထားဘေးနှင့် တွေ့၍ အသေခံလျက် စားစရာကို ရှာကြရပါ၏။
၁၀ မွတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
၁၁ ဇိအုန်မြို့၌ မိန်းမများကိုင်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုကိုင်း အဓမ္မပြုကြပါ၏၊၊
၁၂ မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသောသူတို့ကိုလည်း မရိုသေကြပါ။
၁၃ လူပျိုတို့သည် ကြိတ်ဆုကို ထမ်းရကြပါ၏၊၊ သူငယ်တို့သည်လည်း ထင်းအောက်မှာ လဲရကြပါ၏။
၁၄ အသက်ကြီးသူတို့သည် မြို့တံခါးဝ၌င်း လူပျိုတို့သည် ပွဲသဘင်၌င်း ကွယ်ပျောက်ကြပါ၏။
၁၅ အကျွန်ုပ်တို့သည် နှလုံးရွှင်လန်း ခြင်းပြတ်၍၊ ကခြင်းအရာ၌ညည်းတွားခြင်း ရှိကြပါ၏၊၊
၁၆ အကျွန်ုပ်တို့ဆောင်းသောသရဖူသည်ကျပါပြီင်္။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာရှိကြပါ၏။
၁၇ ထိုကြော့င် အကျွန်ုပ်တို့သည် စိတ်ပျက် ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါပြီ။
၁၈ လူသူဆိတ်ညံလျက်ရှိသော ဇိုအုန် တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
၁၉ အိုထာဝရဘုရား ကိုယ်တော်သည် နိစ္စအမြဲတည် တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင်ဖြစ်ပါ၏။
၂၀ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ် တို့ကို အစဉ်မပြတ် မေလျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
၂၁ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ ပြန်၍လာကြပါမည်။ ရှေးကာလ ကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြန်ပြုပြင်တော်မူပါ၊၊
၂၂ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရှင်းရှင်းပယ် တော်မူမည်လော။ ပြင်းစွာအမျက် ထွက်တော်မူ မည်လော။