ဟေဗြဲသြဝါဒစာ အခန်းကြီး ၇
၁ မင်းကြီးများကိုလုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊
၂ အာဗြဟံ လှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသောဘုရား သခင်၏ ယဇ်ပုရောဟိတ်မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့်တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်းမင်းဟု ဆိုလိုသောရှာလင်မင်းဖြစ်လျက်၊
၃ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။
၎ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာ များကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသော ထိုမင်းသည် အဘယ်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။
၅ ယဇ်ပုရောဟိတ်မင်း အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်းဆယ်ဘို့တဘို့ကို ခံရသောအခွင့်ရှိကြ၏။
၆ သူတို့အမျိုးမဟုတ် သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့တဘို့ကိုခံလေ၏။ ဂတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းကြီးပေးလေ၏။
၇ ကြီးသောသူသည် ငယ်သောသူကိုကောင်းကြီးပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။
၈ ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကိုခံလေ့ရှိ၏။ ထိုအခါ မူကားအသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ ကိုခံရ၏။
၉ ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကိုပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။
၁၀ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည်မိမိအဘ၏ ကိုယ်၌ ရှိသတည်း။
၁၁ တနည်းကား၊ လေဝိမှဆင်းသက်သောယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့်စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရော ဟိတ်သည်၊ အာရုန်နည်းတူမခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။
၁၂ ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။
၁၃ ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင်ပေ၏။
၁၄ အကြောင်းမူကား၊ ငါတို့သခင် သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့်စပ်ဆိုင်သည် ဟုမောရှေသည် တခွန်းကိုမျှမပြော။
၁၅ ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသောယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည် မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား၏။
၁၆ ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓြွာနှင့်စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည် မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော် အတိုင်းခန့်ထားလျက်ရှိသတည်း။
၁၇ အကြောင်းမူကား၊ သင်သည်မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း။
၁၈ ပညတ်တရားသည် အဘယ်သူကိုမျှစုံလင်ခြင်းသို့မပို့နိုင်သည်ဖြစ်၍၊
၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်ကပ်ရကြ၏။
၂၀ ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုရကြ၏။
၂၁ ယေရှုမူကား၊ အကျိန်တော်မရှိဘဲယဇ်ပုရော ဟိတ်အရာကိုမရ။ ထာဝရဘုရားက၊ သင်သည်မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ်ပြောင်းလဲခြင်းရှိတော်မမူသည်နှင့် အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊
၂၂ သာ၍မြတ်သော ပဋိညာဉ်တရား၏အာမခံဖြစ်၏။
၂၃ ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍ အများရှိရကြ၏။
၂၄ ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။
၂၅ ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံ တော်သို့ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကိုကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။
၂၆ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိ သောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက်မြင့်မြတ်သော သူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။
၂၇ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်င်း၊ လူများအပြစ်ကြောင့် င်း၊ နေ့တိုင်းယဇ် ပူဇော်ရသကဲ့သို့၊ ထိုသခင်သည်ယဇ်ပူဇော်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကိုတခါ တည်းယဇ်ပူဇော်၍ ထိုအမှုကိုပြီးစေတော်မူပြီ။
၂၈ ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ ၌ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သောသားတော်ကိုခန့်ထားသတည်း။