ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၅
၁-၂ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည် အမ္မုန် အမျိုးသား တို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
၃ ဆင့်ဆိုရမည်မှာ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏ သန့်ရှင်းရာဌာနကိုင်း၊ လူဆိတ်ညံ ခြင်းသို့ ရောက်သော ဣသရေလပြည်ကိုင်း၊ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးကိုင်း၊ အေဟေ့ဟု သင်ဆိုမိ သောကြောင့်၊
၎ သင့်ကို အရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည် သင်၏ အထဲ၌ ဘုံဗိမာန်ကို တည်ဆောက်၍ နေရာကျလိမ့်မည်။ သင်၏ အသီးအနှံကိုစား၍ သင်၏ နို့ကို သောက်ကြလိမ့်မည်။
၅ ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကိုသိုးကျက်စားရာ ငါဖြစ်စေမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်၊၊
၆ သင်သည် ဣသရေလပြည်ကို မနာလိုသောစိတ် အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့် ဆောင့်ခြင်းကို ဝမ်းမြောက်စွာပြုသောကြောင့်၊
၇ ငါသည်သင့်ကို တိုက်၍ လူအမျိုးမျိုးလုယူဘို့ရာအပ်မည်။ လူနေရာ အတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်၊၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့် မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၈ တဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသော ကြောင့်၊
၉ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ ဘုန်းဖြစ်သော၊ ဗက်ယေရှိ မုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။
၁၀ ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့် တကွ အရှေ့ ပြည်သားတို့အား အပိုင်ပေးမည်၊၊ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင် မမှတ်ရ။
၁၁ မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ်စီရင်၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၂ တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ၊ ယုဒအမျိုးတဘက်၌နေ၍ အလွန်ပြစ်မှားသဖြင့် အပြစ်ဒဏ်စီရင် သောကြောင့်၊
၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကို ငါတိုက်၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ် မည်၊၊ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ထားဖြင့် ဆုံးရလိမ်မည်။
၁၄ ငါ၏လူ ဣသရေလအမျိုး အားဖြင့်၊ ဧဒုံပြည်ကို ငါ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည်။ သူတို့သည် ငါ၏ အမျက်အရှိန်အားကြီးသည်အတိုင်း၊ဧဒုံပြည် ကို ပြုကြလိမ့်မည်။ ငါပေးသောအပြစ်ဒဏ်ကို သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၅ တဖန် လိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသော စိတ်အားကြီးသည်နှင့် ဒေါသအလိုကို ပြည့်စုံစွာ ပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါအပြစ်ဒဏ်ပေးသောကြောင့်၊
၁၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။
၁၇ ပြင်းစွာ သောဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကိုပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။