ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၆
၁ ဒါရိမင်းကြီးသည် နိုင်ငံတော်အမှုအရေးအလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကိုင်း၊
၂ အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးကိုင်း အလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည် ဝန်ကြီးအရာကို ရသည်သာမက၊
၃ ထူးဆန်းသော ဥာဏ်နှင့် ပြည့်စုံ၍၊ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တနိုင်ငံ လုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။
၎ ထိုအခါ ဝန်ကြီးနှင့် မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကိုရှာ၍ မတွေ့ကြသည်ရှိသော်၊
၅ ဘုရားသခင်၏ ဘာသာမှုမှတပါး၊ အခြားသော အမှုတွင် ဒံယေလ၌အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊
၆ အထံတော်သို့လာရောက်စည်းဝေးကြ၍၊ အရှင်မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
၇ ကိုယ်တော်မြတ်မှတပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြသေ့င်္လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သောအမိန့်တော် မြတ်ကိုထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။
၈ သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
၉ ဒါရိမင်းကြီးသည် အမိန့်တော်ကို ပေး၍၊ တံဆိပ်ခတ်တော်မူ၏။
၁၀ အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်းပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ ရှိသည်အတိုင်း၊ တနေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
၁၁ ထိုသို့ ဘုရားသခင်ကို ဆုတောင်းပဌနာပြုလျက်နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊
၁၂ အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော်မြတ်မှတပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြသေ့င်္လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူ၏ လျက်ရှိပါသည်မဟုတ်လော ဟု အမိန့်တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ် သော မေဒိ၊ ပေရသိ၊ ဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။
၁၃ မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်က သိမ်းယူခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တနေ့သုံးကြိမ်တိုင်အောင်ဆုတောင်း၍ နေပါသည်ဟု လျှောက်ထားကြ၏။
၁၄ ထိုစကားကိုကြားလျှင်၊ ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီးသဖြင့်၊ လွှတ်ရ သောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။
၁၅ တဖန် မှူးမတ်အရာရှိတို့သည် အထံတော်သို့စည်းဝေး၍၊ အရှင်မင်းကြီး၊ တခါထုတ်ပြီးသော အမိန့်တော် မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင်၊
၁၆ တဖန်ရှင်ဘုရင် မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍၊ ခြသေ့င်္တွင်းထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။
၁၇ ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကိုပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့စေခြင်းငှါ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။
၁၈ ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ပြန်၍ တညဥ့်လုံးစားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော် သို့မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
၁၉ နံနက်စောစောထ၍ ခြသေ့င်္တွင်းသို့ အလျှင်အမြန်သွားတော်မူ၏။
၂၀ ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော် မူသော ဘုရားသခင်၏ ကျွန်ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြသေ့င်္ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။
၂၁ ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲရှင်ပါစေ။
၂၂ အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန် ကိုစေလွှတ်၍ ခြသေ့င်္နှုတ်ကိုပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်သည် ခြသေ့င်္ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါဟု ပြန်လျှောက် လေ၏။
၂၃ ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကိုတွင်းထဲက၊ ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဒံယေလကိုတွင်းထဲကထုတ်ယူ၍၊ ဘုရားသခင်ကိုယုံကြည်သောကြောင့်၊ သူ၌ထိခိုက်သော အနာတခုမျှ မရှိ။
၂၄ ထိုနောက်၊ ဒံယေလ၌အပြစ်တင်သောသူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြသေ့င်္တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြသေ့င်္တို့သည် နိုင်၍၊ သူတို့အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
၂၅ ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြားစေသော။
၂၆ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသောသင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုဘုရားသခင်သည် အသက်ရှင်တော်မူ သောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။
၂၇ မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင် မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့သြဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြသေ့င်္လက်မှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည် ထိုသို့သောဘုရားဖြစ်တော်မူ၏ဟု အမိန့်တော်ရှိ၏။
၂၈ ထိုသို့ ဒံယေလသည် ဒါရိမင်းကြီးလက်ထက်၌င်း၊ ပေရသိမင်းကြီး ကုရုမင်းကြီးလက်ထက်၌င်း ကောင်းစား လျက်နေ၏။