Saturday, March 10, 2018

တိတုသြဝါဒစာ အခန်းကြီး ၂
၁ သင်တို့မူကား၊ စင်ကြယ်သောသြဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။
၂ အသက်ကြီးရင့်သော ယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣနြေ္ဒစောင့်သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူဖြစ်ရကြမည်အကြောင်း၊
၃ ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံ ပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကျူးတတ်သောသူ၊ ကောင်း သောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊
၎ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ အသက်ပျိုသောမိန်းမတို့သည် ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊
၅ ဣနြေ္ဒစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံသောသူ ဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊
၆ ထိုနည်းတူ၊ အသက်ပျိုသော ယောက်ျားတို့သည်လည်း ဣနြေ္ဒစောင့်ရမည်အကြောင်း တိုက်တွန်းသွေးဆောင်လော့။
၇ အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမသြဝါဒပေးသောအခါ၊ မိစ္ဆာဒိဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊
၈ အပြစ်တင်ဘွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တဘက်၌နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့်မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။
၉ အစေခံကျွန်တို့သည၊် ငါတို့ကို ကယ်တင်တော်မူသော ဘုရားသခင်၏ သြဝါဒကို အရာရာ၌ တန်ဆာဆင် ခြင်းငှါ၊ မိမိတို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုန်ခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊
၁၁-၁၃ အကြောင်းမူကား၊ မင်္ဂလာရှိသောမြော်လင့်ရာကို၎င်း၊ ကြီးမြတ်သောဘုရားသခင်တည်း ဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့ သည်မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣနြေ္ဒစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်း လျက်ရှိ၏။
၁၀ တိတ်ဆိတ်စွာခိုးယူခြင်းကိုမပြုဘဲ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာပြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။
၁၄ ထိုသခင် ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါ၎င်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။
၁၅ ဤတရားစကား ကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသောအာဏာနှင့်တကွ ပြုလော့။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင်မပြုစေနှင့်။