Tuesday, March 13, 2018

ဟောရှေအနာဂတ္တိကျမ်း အခန်းကြီး ၁
၁ ယုဒရှင်ဘုရင် သြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင် ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏သား ဟောရှေသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊
၂ သင်သွား၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်းမူကား၊ ပြည်သားတို့သည် ထာဝရဘုရားကို စွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူသည်အတိုင်း၊
၃ ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဘွားမြင်လေ၏။
၎ ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရေလအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလအသက်ကိုသတ်သော အပြစ်ကြောင့်၊ ယေဟုအမျိုးကို ငါသည်ဒဏ်ပေး၍ ဣသရေလအမျိုး၏နိုင်ငံကို ဆုံးစေမည်။
၅ ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုးသောနေ့ ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော်မူ၏။
၆ တဖန် ပဋိသန္ဓေယူ၍ သမီးကိုဘွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလအမျိုးကို နောက်တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။
၇ ယုဒအမျိုးကိုကား၊ သနားစုံမက်ဦးမည်။ သို့ရာတွင်၊ လေး၊ ထား၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။
၈ လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည်ပဋိသန္ဓြေွယူပြန်၍ သားယောက်ျားကို ဘွားမြင်လေ၏။
၉ ထိုသားကို လောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်။
၁၀ သို့ရာတွင်၊ ဣသရေလအမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာ သဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာအရပ်၌ပင်လျင်၊ သူတို့ သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
၁၁ ထိုအခါ ယုဒအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့သည် စုဝေးပေါင်းဘော်၍၊ မင်းတဦးတည်းကို မြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြလိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။