အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၆
၁ ဇိအုန်မြို့၌ ငြိမ်သက်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့်ကင်းလွတ်လျက် နေသောသူ၊ လူမျိုးတို့တွင် အထွဋိအမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။
၂ ကာလနေမြို့သို့ သွား၍ကြည့်ရှု့ကြလော့။ ထိုမြို့မှ ဟာမတ်ကြီးမြို့သို့င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့သို့ င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။
၃ ဆိုးယုတ်သောနေ့ရက်ကို ရွေ့၍၊ မတရားသဖြင့် စီရင်ရာ ပလ္လင်ကို အနီးမှာတည်စေခြင်း၊
၎ ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးငယ်တို့ကိုင်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကိုင်း ယူ၍စားခြင်း၊
၅ တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာ တုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍လုပ်သကဲ့သို့လုပ်ခြင်း၊
၆ စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့်လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုးဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲ နေသော၊
၇ ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍နေသောသူတို့၏ ပွဲသည်လည်း ပျောက်ရလိမ့်မည်။
၈ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရ ဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကို ငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကို မုန်းသောကြောင့် မြို့တော်နှင့် မြို့၌ရှိသမျှကို ငါစွန့်ပစ်မည်။
၉ အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။
၁၀ ပေါက်ဘော်တော်၍ မီးဖြင့်သင်္ဂြိုဟ်ရသောသူသည် အိမ်ထဲကအသေကောင်ကို ထုတ်၍ချီသွားသောအခါ၊ အိမ်အတွင်းတွင် ရှိသောသူကို ခေါ်၍၊ သင်၌တစုံတယောက် ကျန်ကြွင်းသောသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ရသောအခွင့်မရှိဟု ပြောဆိုလိမ့်မည်။
၁၁ အကြောင်းမူကား၊ ထာဝရဘုရား အမိန့်တော်ရှိသဖြင့်၊ အိမ်ကြီးကိုဖြို၍ အိမ်ငယ်ကိုလည်း ကွဲစေတော်မူလိမ့်မည်။
၁၂ မြင်းသည်လည်း ကျောက်ပေါ်မှာပြေးတတ်သ လော။ လူသည်လည်း ကျောက်ပေါ်မှာ နွားနှင့်ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့်စီရင်ခြင်းကို ခါးစွာသောသစ်ရွက် ဖြစ်စေခြင်း ငှါင်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက်ဖြစ်စေခြင်းငှါင်း ပြုကြသည်တကား။
၁၃ အချဉ်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက် ၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကိုသိမ်းယူပြီ မဟုတ်လောဟု ဆိုတတ်ကြသည်တကား။
၁၄ အကယ်စင်စစ်၊ အိုဣသရေလအမျိုး၊ သင်တို့တဘက်၌ လူတမျိုးကို ငါထစေ၍၊ ထိုလူမျိုးသည် ဟာမတ်မြို့လမ်းဝမှ စ၍ တော၌ရှိသောမြစ်တိုင်အောင် သင်တို့ကိုညှဉ်းဆဲလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ရှင် အရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။