၁ ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သော အရာတို့ ကို သင်တို့အား ပြသကြ၏။
၂ ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူ ရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။
၃ ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယ ဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
၎ သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင် စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
၅ ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည် ကြားရ၍၊ သင်တို့အားပြသသော တရားစကားဟူမူကား၊ ဘုရား သခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
၆ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်၊ မုသာကိုသုံးသော သူဖြစ်ကြ၏။
၇ ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြော တော်မူ၏။
၈ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။
၉ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
၁၀ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။