Saturday, March 10, 2018

ကောလောသဲသြဝါဒစာ အခန်းကြီး ၂
၁ သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်၊
၂ မေတ္တာ ချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာ နှင့် ကင်းစင်သော ဥာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက် ကြီးသောတိုက်လှန် ခြင်းကိုငါခံရသည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
၃ ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍရှိသမျှတို့ သည် ဝှက်ထားလျက်ရှိကြ၏။
၎ အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤစကားကို ငါပြောဆို၏။
၅ ငါသည်ကိုယ်ခန္ဓွာ အားဖြင့် သင့်တို့နှင့်ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာယုံကြည်သည်ကို၎င်း မြင်လျှင်ဝမ်းမြောက်ခြင်းရှိ၏။
၆-၇ ထို ကြောင့် သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည် ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာ စွဲလမ်းလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့် တကွယုံကြည်ခြင်းတိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ကျင်လည်ကြလော့။
၈ ခရစ်တော်၏ တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကိုအဘယ်သူမျှမလုယူ မဖျက်မဆီးစေခြင်းငှါ သတိ ပြုကြလော့။
၈ အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ် ထင်ရှား၍ကျိန်းဝပ်တော်မူ၏။
၁၀ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသောထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။
၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။
၁၃ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌၎င်း သေလျက်ရှိနေ သော သင်တို့ကိုခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏။
၁၄ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။
၁၅ အထွဋ်အမြတ်၊ အာဏာစက်များကိုလုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။
၁၆ ထိုကြောင့်စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။
၁၇ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။
၁၈ ဦးခေါင်းတော်ကိုအမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီး ထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊  စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ် ခြင်း၌၎င်း မွေ့လျော်သောသူ တစုံတယောက်မျှသင်တို့ဆုကို မလုယူစေနှင့်။
၁၉ ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များ အားဖြင့်၊ အားဖြည့်၍ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့် အညီကြီးပွါး တတ်၏။
၂၀ သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊
၂၁ မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့် ဟူသော ပညတ်စကားကိုလောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့်နားထောင်ကြ သနည်း။
၂၂ လူတို့၏ပညတ်သြဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ၏။
၂၃ ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကိုဝပြောစွာကျွေးမွေးခြင်းနှင့် မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကိုနှိပ်စက်ခြင်းနှင့် ဆိုင်၍၊ ပညာရှိယောင် ဆောင်ကြ၏။