Saturday, March 17, 2018

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၉
 ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။
 သင်တို့ဒုစရိုက်သည် သင်တို့ကိုဘုရားသခင်နှင့်ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကိုလွှဲစေပြီ။
 သင်တို့လက်သည် အသွေးနှင်င်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့် င်းညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့်မုသာစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။
 တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ်သူမျှမစောင့်၊ အနတ္တကိုကိုးစား၍ မုသာစကားကို ပြောတတ်ကြ၏။ မကောင်း သော အကြံကို ပဋိသန္ဓြေွယူ၍၊ အဓမ္မအမှုကို ဘွားကြ၏။
 သူတို့သည် မြွေဆိုး၏အဥတို့ကိုဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြေ‡းကိုလည်းရက်ကြ၏။ သူတို့ဥများကိုစားသော သူသည်သေတတ်၏။ အဥကိုခွဲလျှင်မြွေဆိုးပေါက်တတ်၏။
 သူတို့ရက်သောအမြေ‡းဖြင့် အဝတ်ကိုမလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသောအမှုသည် အဓမ္မ အမှုဖြစ်၏၊၊ သူတို့လက်၌ ကြမ်းတမ်းသောအမှုရှိ၏။
 သူတို့ခြေသည်အဓမ္မအမှုကို ပြုခြင်းငှါပြေးတတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါလျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာ လမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။
 ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွားရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူမည်သည်ကား၊ ချမ်းသာကိုမသိရ။
 ထို့ကြောင့်၊ ဖြောင့်မတ်စွာစီရင်ခြင်းသည် ငါတို့နှင့် ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။
၁၀ မမြင်နိုင် သောသူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသောသူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့် အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက်၊  သေသောသူကဲ့သို့ ဖြစ်ကြ၏။
၁၁ ငါတို့ ရှိသမျှသည် ဝံကဲ့သို့ မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့် သော်လည်း၊ ငါတို့နှင့်ဝေးလှ၏။
၁၂ ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ်အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျတ် ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏၊၊
၁၃ ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကိုပြု၍ ငါတို့၏ ဘုရားသခင်ကို စွန့်ကြပြီ၊၊ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန်သောစကားကို အောက်မေ့၍ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။
၁၄ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ၊၊ တရားသည် အဝေးကရပ်၍နေ၏၊၊ သစ္စာသည် လမ်း၌လဲပြီ။ ဖြောင့်သောသဘောမဝင်နိုင်ရာ၊
၁၅ သစ္စာသည် ပျက်ခဲ့ပြီ၊၊ ဒုစရိုက်ကို ရှောင်သောသူသည် လုယူခြင်းကို ခံရ၏၊၊ ထိုအမှု ကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏၊၊
၁၆ လူတစ်ယောက်မျှမရှိသည်ကို အံ့သြတော် မူ၏၊၊ ထို့ကြောင့်၊ မိမိလက်တော် သည် မိမိအဖို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်း တရားသည် မိမိကို ထောက်ပင့်၏၊၊
၁၇ ဖြောင့်မတ်ခြင်းတရားတည်းဟူသော သံခမောက်လုံးကို ဆောင်းတော်မူ၏၊၊ အပြစ်ပေးခြင်း အဝတ်ကိုင်း၊ စိတ်အားကြီးခြင်း ဝတ်လုံ ကိုင်း ယူတင်ဆောင်တော်မူ၏၊၊
၁၈ သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို အဆပ်ပေးတော်မူမည်၊၊ ရန်ဘက်ပြုသော သူတို့အား အမျက်တော်ကိုင်း၊ ရန်သူတို့ခံထိုက်သည်အတိုင်း အပြစ်ကိုင်း တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကိုင်း ပေးဆပ်တော်မူမည်။
၁၉ သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာအရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့်၊ ဘုန်းတော်ကို ရိုသေကြလိမ့်မည်၊၊ ရန်သူသည်  ရေလွှမ်းမိုးသကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညဉ်တော်သည် ဆီးတားတော်မူသည်၊၊
၂၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ်သော သခင်သည် ဇိအုန်တောင်ပေါ်သို့ကြွ၍၊ မတရားသောအမှု မှလွှဲသော ယာကုပ်အမျိုးသားတို့ရှိရာသို့ ရောက်လတံ့။
၂၁ သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏ အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသော စကားသည်၊ ယခုမှစ၍ ကာလအစဉ် အဆက်သင်၏နှုတ်၊ သင့်အမျိုးအနွှယ်၏ နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရားမိန့်တော်မူသည်၊