Sunday, April 8, 2018

ဆာလံကျမ်း အခန်းကြီး ၁၅

၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
၂ ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော
၃ သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော
၎ ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊
၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊