ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၅၂
၁ ဇေဒကိမင်းသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်နန်းထိုင်၍ ၊ ယေရုရှလင်မြို့၌ တဆယ်တစ်နှစ် စိုးစံလေ ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလ ဖြစ်သတည်း။
၂ ထိုမင်းသည် ယောယကိမ်မင်းပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
၃ ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍ ဇေတကိမင်းသည် ဗာဗုလုန်အရှင်ဘုရားကို ပုန်ကန်လေ၏။
၎ ဇေဒကိ မင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင်သည်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့် တကွ ယေရုရှင်လင်မြို့သို့စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍၊ မြေကတုတ်တို့ကို တူးလုပ်ပြီး။
၅ ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကို ဝိုင်းထားသည်။
၆ ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင် မြို့ထဲမှာ အစာအဟာရ ခေါင်း ပါးသဖြင့် မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊
၇ ခါလဒဲလူတို့သည် မြို့ရိုးကိုဖြိုဖျက်၍၊ မြို့ကိုလည်းဝိုင်းလေ သောကြောင့်၊ မြို့သားစစ်သူရဲအပါင်းတို့ ညဥ့်အခါ ပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြားဥယျာဉ်တော်မှ တံခါးဝသို့ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
၈ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင် ဇေတကိကိုလိုက်၍၊ ယေရိခေါ လွင်ပြင်၌ မှီသဖြင့် ဇေဒကိ မင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
၉ ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည် ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ၏ အမှုကို စစ်ကြောစီရင်၍၊
၁၀ ဇေတကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗာလမြို့မှ ယုဒမူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏၊၊
၁၁ ဇေဒကိ မျက်စိကိုလည်း ဖောက်ပြီးမှ သူကိုကြေးဝါကြိုးနှင့်ချည်နှောင်၍၊ ဗာဗုလုန်မြို့သို့ ယူသွားသဖြင့်၊ သေသည် တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။
၁၂ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ်ကိုးနှစ်၊ ပဉ္စမလဆယ် ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊
၁၃ ဗိမာန်တော်နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ် ရှိသမျှတို့ကို မီးရှို့လေ၏။
၁၄ ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲအပေါင်းတို့သည် ယေရုရှလင် မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက်ကြ၏။
၁၅ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသော ဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။
၁၆ သို့ရာတွင် စပျစ် ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှါ ဆင်းရဲသား အချို့ကို ထားခဲ့လေ၏။
၁၇ ဗိမာန်တော်၌ ကြေးဝါတို့ကို၎င်း၊ ကြေးဝါရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဲဒဲလူတို့ သည်ချိုးဖဲ့၍ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။
၁၈ အိုးကင်း၊ တူရွှင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော် ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။
၁၉ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ ကိုယ်ရံတော်မူးသည်ယူသွားလေ၏။
၂၀ ဗိမာန်တော်၌ရှောလမုန်မင်းကြီးလုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာ အခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ ပါသော ကြေးဝါသည်အချိန်အားဖြင့်အတိုင်းမသိများ၏။
၂၁ တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။လုံးပတ်မူကား၊ တဆယ်နှစ်တောင်ရှည်သောကြိုးတပတ်ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။
၂၂ ကြေးဝါတိုင်ထိပ်လည်းရှိ၏။ တိုင်ထိပ်အမြင့်ကား၊ငါတောင်ရှိ၍ထိပ်ပတ်လည်းကြးဝါကန်ရွက်၊ကြေးဝါသလဲသီးတို့ နှင့်ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း၊ ထို့အတူဖြစ်၍သလဲသီးတို့နှင့်ပြည့်စုံ၏။
၂၃ တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံးစီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာရှိသတည်း။
၂၄ ကိုယ်ရံတော်မူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ်မင်းစရာယ၊ ဒုတိယ ယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန် တော်တံခါးမှူး သုံယောက်တို့ကို ဘမ်းဆီးလေ၏။
၂၅ စစ်သူရဲတို့ကို အုပ်သော ဗိုလ်တယောက် ၊ မြို့ထဲ၌ တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက်နှင့်၊ ပြည်သူပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်မြို့ထဲ၌ တွေ့မိ သော ပြည်သားခြောက်ဆယ်တို့ကို မြို့ထဲက ခေါ်သွား၍၊
၂၆ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်ခဲ့ပြီးလျှင်၊
၂၇ ဗာဗုလုန်ရှင်ဘုရင် ဟာမတ်ပြည် ရိဗလမြို့၌ ထိုသူတို့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏၊ ထိုသို့ယုဒမြို့သည် မိမိပြည်၌ သိမ်းသွားခြင်းကို ခံရသတည်း။
၂၈ နေဗုခဒ်နေဇာမင်း သိမ်းသွားသော လူဟူမူကား၊ နန်းစံခုနှစ်ခုတွင် ယုဒအမျိုးသား သုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။
၂၉ တဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့ မှသိမ်းသွားလေ၏၊၊
၃၀ နှစ်ဆယ်သုံးနှစ်တွင် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန် သည် ယုဒအမျိုးသား ခုနှစ်ရာလေးဆယ် ငါးယောက်တို့ကို သိမ်းသွား၏။ လူပေါင်းကား လေးထောင့် ခြောက်ရာ ရှိသတည်း။
၃၁ ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ် သုံးဆယ်ခုနှစ်နှစ်၊ ဒွါဒသမ လနှစ်ဆယ်ငါးရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
၃၂ ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ထက် ချီးမြှင့်လေ၏။
၃၃ ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သောအဝတ်ကိုလဲ၍၊ အသက်ရှိသမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။
၃၄ မသေမှီတိုင်အောင် အသက်ရှိသမျှနေ့ရက်အစဉ်မပြတ် သူ့စားစရာကို ဗာဗုလုန် ရှင်ဘုရင်ပေးသနား တော်မူ၏။