ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁
၁-၂ သက္ကရာဇ် သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီး နန်းကျ ပဉ္စမနှစ်၊ စတုတ္တလ ငါးရက်နေ့၌ ငါသည် သိမ်းသွား သော သူတို့တွင် ခေမာမြစ်နားမှာ ရှိနေစဉ်၊ မိုဃ်းကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရ၏။
၃ ထိုအခါ ခါလဒဲပြည်၊ ခေမာမြစ်နားမှာ ထာဝရဘုရား၏ နှုတ်ကပတ်တော် ယဇ်ပုရောဟိတ်ဗုဇိသား ယေဇကျေလ အမည် ရှိသော ငါဆီသို့ ရောက်၍ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာတင်လျက် ရှိ၏။
၎ ငါကြည့်ရှု၍ ပြင်းစွာသောလေ ကြီးစွာသောမိုဃ်းတိမ် ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက ဟရှမေလ ရွှေရောင်ထွက်လေ၏၊၊
၅ ထိုမီးစက်ထဲမှာ သတ္တဝါ လေးပါးတို့သည် ထင်ရှားကြ ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ ပုံသဏ္ဌာန်ကိုဆောင်၍
၆ မျက်နှာလေးခုစီ အတောင်လည်း လေး ခုစီရှိကြ၏။
၇ ခြေထောက်သည်ဖြောင့်သော ခြေထောက်ဖြစ်၏။ ခြေဘဝါးသည် နွားသငယ်၏ ခြေဘဝါးကဲ့သို့ဖြစ်၍ ဦးသစ်သောကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာအတောင်အောက်၌ လူလက်ရှိ၏၊
၈ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်င်း၊ အတောင်တို့နှင့်င်း ပြည့်စုံကြ၏။
၉ အတောင်ချင်းတခုနှင့်တခုစပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါ တပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။
၁၀ မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား သတ္တဝါလေးပါးတို့သည် လက်ျာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့်၎င်း၊ လက်ဝဲ ဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့် ပြည့်စုံ ကြ၏။
၁၁ အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်းစပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကို ဖုံးအုပ်လျက် ရှိ ကြ၏။
၁၂ ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏၊၊ သွားသောအခါ တပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။
၁၃ ထိုသတ္တဝါတို့၏ အဆင်းရောင်သည်ကား တောက်သောမီးခဲအရောင်၊ မီးခွက်အ ရောင်နှင့်တူ၏။ မီးသည် တောက်လျက် သတ္တဝါတို့တွင် အနှံအပြား လှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။
၁၄ သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍ ပြေးလျက် ပြန်လာလျက် ရှိကြ၏။
၁၅ ထိုသတ္တဝါတို့သည် ငါကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား၏။
၁၆ ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲအဆင်းအရောင်နှင့်တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဍာန်မူကား ဘီးတခုထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။
၁၇ သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲ သွားတတ်ကြ၏။
၁၈ ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက် ဘွယ် ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့် ပြည့်ကြ၏။
၁၉ သတ္တဝါတို့သည် သွားသည့်အခါ ဘီးတို့သည်လည်း ထပ်ကြပ် ပါကြ၏။
၂၀ သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ် တော်သွားခွင့်ရှိသည်အတိုင်း သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့် ထပ်ကြပ်မခွာလိုက်ကြ ၏ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
၂၁ သူတို့ရပ်သောအခါ ဘီးတို့သည်လည်း ရပ်ကြ၏၊၊ မြေကြီးနှင့်ကွာ၍ တက်သောအခါ ဘီးတို့သည်လည်း သူတို့နှင့် လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ ရှိ၏၊၊
၂၂ ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍ ကြောက်မက်ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။
၂၃ မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တခုသို့ တခုတည့်တည့်ပြန့်လျက်ရှိ၍ ပြင်ဘက်၌လည်း ကိုယ်ကို ဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ၏၊၊
၂၄ သူတို့သွားသောအခါ သမုဒ္ဒရာရသံကဲ့သို့င်း အနန္တတန်ခိုးရှင်၏ အသံတော်ကဲ့သို့င်း၊ အတောင်တို့မြည်သံကို ငါကြား၏။ စကားသံသည် လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏၊
၂၅ ရပ်၍ အတောင် တို့ကို ချသောအခါ သူတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲကစကားသံသည် ထွက်၏။
၂၆ သူတို့ခေါင်းများအထက် မိုဃ်းမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဌာန်အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ်၏။
၂၇ ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါးသဏ္ဌာန်မှသည် အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်နှင့်မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍ ပတ်လည်၌ ထွန်းတောက်လေ၏။
၂၈ ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင် မိုဃ်းတိမ်ပေါ်၌ ပေါ်သော သက်တံ့၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွှေကား ထာဝရဘုရား၏ ဘုန်းတော် သဏ္ဌာန်အဆင်းအရောင် ဖြစ်သတည်း။