Sunday, March 11, 2018

ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၆
၁ တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့်ပြီးသော တောင်နှစ်လုံးကြားမှာ ရာထားလေးစီးထွက်လာ၏။
၂ ပဌမ ရား၌မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
၃ တတိယရထား၌ မြင်းဖြူ၊ စတုတ္ထရထား၌ ခွန်အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
၎ အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့နည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
၅ ကောင်းကင်တမန်က၊ ထိုရထားတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင်လေး၊ လေးပါးဖြစ်၏။
၆ ကသောမြင်းနက်တို့သည် မြောက်ပြည်သို့သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့သွားကြ၏ဟု ဆို၏။
၇ ခွန်အားကြီးသောမြင်းတို့သည်ထွက်၍၊ မြေကြီးပေါ်မှာတောင်မြောက်သို့ လှည့်လည်ခြင်းငှါ၊ အားထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍မြေကြီးပေါ်မှာ၊ တောင်မြောက်သို့လှည့်လည်ခြင်းငှါ အားထုတ်ကြ၏။ ကောင်းကင် တမန်ကလည်း၊ သွား၍မြေကြီးပေါ်မှာတောင်မြောက်သို့ လှည့်လည်ကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
၈ ကောင်းကင်တမန် သည်လည်း ငါ့ကိုခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့သွားသောမြင်းတို့သည် ငါ့အမျက်ကိုမြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။ 
၉ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာသည်ကား၊
၁၀ အရင်သိမ်း သွားခြင်းကို ခံရ၍၊ ယခုဗာဗုလုန်မြို့မှပြန်လာသော ဟေလဒဲအမျိုး၊ တောဘိရအမျိုး၊ ယေဒါယအမျိုး အချို့တို့ကိုခေါ်၍၊ တနေ့ချင်း တွင်း ဇေဖနိ၏ သားယောရှိအိမ်သို့သွားပြီးသော်၊
၁၁ ရွှေငွေတို့ကိုယူ၍ သရဖူကိုလုပ်ပြီလျှင်၊ ယောဇဒက်သား ယဇ်ပုရောဟိတ်မင်း ယောရှု၏ ခေါင်းပေါ်မှာတင်လော။
၁၂ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအမိန့်တော်ကို ထိုသူအားဆင့်ဆိုရမည်မှာ၊ အညွတ်အမည်ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ထာဝရဘုရား၏ ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
၁၃ ထာဝရဘုရား၏ ဗိမာန်တော်ကို တည်ဆောက်ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်တော်ပေါ်မှာ ထိုင်လျက်စိုးစံလိမ့်မည်။ ရာဇပလ္လင်တော်ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့ သည် မိဿဟာယပဋိညာဉ်ကိုဖွဲ့ကြလိမ့်မည်။
၁၄ ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန်တော်၌ သက်သေဖြစ်ရမည်။
၁၅ ဝေးသောသူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုသင် တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ အမိန့်ကိုစေ့စေ့နားထောင်လျှင်၊ ဤသို့ဖြစ်ရလိမ့်မည်ဟု နားထောင်၏။