ဟောရှေအနာဂတ္တိကျမ်း အခန်းကြီး ၃
၁ တဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတပါးသောဘုရားတို့ကို ဖူးမြော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက်၊ မျောက်မထားသောမိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အားမှာထားတော်မူသည်အတိုင်း၊
၂ ထိုမိန်းမကို ငွေတဆယ်ငါးကျပ်၊ မုယောဆန်တဟောမဲခွဲနှင့် ငါရွေးပြီးမှ၊
၃ သင်သည် ငါ့အဘို့ နေ့ရက်များစွာစောင့်၍ နေရမည်။ ပြည်တန်ဆာမလုပ်ရ။ အခြားသောယောက်ျားနှင့် မပေါင်းဘော်ရ။ သို့ပြုလျှင်၊ သင့်အဘို့ ငါစောင့်၍ နေမည်ဟု ပြောထား၏။
၎ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။
၅ ထိုနောက်မှ ဣသရေလအမျိုး သားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုင်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကိုင်း ရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှါ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။