Saturday, March 10, 2018

ဧဖက်သြဝါဒစာ အခန်းကြီး ၃
၁ ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။
၂ သင်တို့အကျိုး ကိုထောက်၍ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် သာသနာကို သင်တို့ကြားသိရသည် နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။
၃ ကျေးဇူးတော် သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ်ရေးထားသည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော် အားဖြင့် နက်နဲသောအရာအရာကို ငါ့အားးပြတော်မူ၏။
၎ ထိုစကားကို ဘတ်ရွတ်လျှင်၊ ခရစ်တော်၏နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရကြမည်။
၅ ထိုနက်နဲသောအရာကို သန့်ရှင်းသောတမန်တော်တို့နှင့် ပရော ဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ်တော် အားဖြင့် ဖွင့်လှစ်တော်မူသည် နည်းတူ၊ အခြားသောကာလတို့၌ လူမျိုး တို့အား ပြတော်မမူ။
၆ ထိုနက်နဲသော အရာ ဟူမူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုး သားတို့နှင့် အမွေခံ၍၊ တလုံးတဝတကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သော ဂတိတော်ကို ဆက်ဆံရကြသတည်း။
၇ သတည်း။ တန်ခိုးတော် ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟော
၈ ပြောသော ဆရာ၏ အဖြစ်သို့ငါရောက်ရပြီ။ စစ်၍မ
၉ ကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ် အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာ နှင့်စပ်ဆိုင်သော သာသနာသည် အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူ အပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ ငယ်သောငါအား ထိုကျေးဇူးတော်ကို ပေးတော်မူသည်။       
၁၂ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ် နှင့် တိုးဝင်၍ အသနားတော်ခံရသောအခွင့်ကို ရကြပြီ။
၁၃ ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက် ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သောစိတ် မရှိကြပါစေနှင့်။
၁၄-၁၅ အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။
၁၆ ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံစေ၍၊
၁၇ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝ ပြည့်စုံခြင်းနှင့်ညီလျော်စွာ သင်တို့အား ပေးသနားတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊
၁၈ သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏နည်းတူ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြင်း၍သိခြင်းငှါ၎င်း၊
၁၉ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော် ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည်ဆုတောင်းလေ့ရှိ၏။
၂၀ ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့တောင်း ပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါတတ်နိုင်တော်မူသော ဘုရားသခင်သည်၊ ၂၁ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။