၁ အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ၊၊ သူတော်ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသား တို့တွင် ကွယ်ပျောက်ပါ၏၊၊
၂ အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ် နှင့် ပြောတတ်ကြ၏၊၊
၃ ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်၊၊
၎ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့်မည်၊၊ ငါ့တို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိ သမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်၊၊
၅ ဆင်းရဲသောသူသည် ခံရသောညှင်းဆဲခြင်း၊ ငတ်မွတ်သော သူ၏ငိုကြွေးခြင်းကြောင့် ယခုငါထမည်၊၊ ကဲ့ရဲ့ခြင်းကို ခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရား မိန့်တော် မူ၏၊၊
၆ ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ မိုက်၌ ခုနှစ်ကြိမ်စစ်သော ငွေကဲ့သို့ ဖြစ်ကြ၏၊
၇ အို ထာဝရဘုရား ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူ မည်၊၊
၈ ဆိုးယုတ်သောသူတို့သည် မြှောက်ခြင်းသို့ ရောက်သည်ကာလ မတရားသော သူတို့သည် အရပ်ရပ်လှည့် လည်ရသော အခွင့်ရှိကြ၏၊၊