Thursday, March 15, 2018

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၄
၁ သက္ကရာဇ်ကိုးခု၊ ဒသမလ ဆယ်ရက်နေ့တွင် တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂ အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက်ကို မှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားစပြု၏။
၃ ပုန်ကန်တတ်သောအမျိုးအားလည်း ပုံစံကားတည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌တင်ထား၍ ရေကိုလောင်းလော့။
၎ အမဲသားတစ်များ ကောင်းသော အတစ်တို့ကို စုထား၍၊  ပေါင်၊ ပခုံး အစရှိသော အတစ်တို့ကို စုထား၍ အကောင်းဆုံးသော အရိုးတို့ ကို အိုးကင်း၌အပြည့်ထည့်လော့။
၅ သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့တို့ကို အိုးကင်းအောက်မှာ ပုံ၍၊  အိုးကင်း ထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ ကျပ်ကျပ်ဆူလော့၊၊
၆ ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူ့အသက်ကို သတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေးသောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခု ထုတ်လော့။ စာရေးတံမပြုနှင့်။
၇ အကြောင်းမူကား၊ ထိုမြို့သတ်သောသူ၏ အသွေးသည် မြို့အလယ် ၌ရှိ၏။ ထိုအသွေးကို မြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာ သွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။
၈ ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း ဒေါသမအမျက်ထွက်စေခြင်းငှါ ထိုအသွေးကို မဖုံးအုပ်ဘဲ ရှင်းလင်း သော ကျောက်ပေါ်မှာ တင်ထားပြီ။
၉ ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူ့အသက်ကို သတ်တတ်သော မြို့သည် အမင်္ဂလာ ရှိ၏၊၊ ကြီးစွာသော မီးပုံကိုငါစီရင်မည်။
၁၀ ထင်းများကို ပုံထား၍ မီးရှို့လော့။ အမဲသားလျော့၍ မြိန်စွာသော စားဘွယ် ဖြစ်စေလော့။ အရိုးတို့ကို ကျွမ်းစေလော့။
၁၁ ထိုနောက်ဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကို၍ သံချေးကုန်စေ။
၁၂ ကြိုးစား၍ ပင်ပန်းသော်လည်း များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
၁၃ သင်၏ အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည် ဆေးကြောခြင်းကို မခံသင့်သောကြောင့်၊ ငါ၏ အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက်မချင်းတိုင်အောင်၊သင်၏ အညစ်အကြေးကို မဆေးကြောရ။
၁၄ ငါထာဝရဘုရား ပြောပြီ။ ပြောသည်အတိုင်း၊ ငါပြု၍ပြည့်စုံစေမည်။ နောက်သို့ မဆုတ်၊ မနှမြော၊ နောင်တမရသင့်၊ သင်ကျင့်ကြံပြုမူသမျှအတိုင်း ငါစီရင်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၅ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၁၆ အချင်းလူသား၊  သင်ကြည့်ရှု လိုဘွယ်သော သူကို ငါသည်ဒဏ်ခတ်၍ ပယ်ရှားမည်၊၊ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ၊၊ မျက်ရည် မကျရ။
၁၇ တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်၊၊ ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးလော့။ နှုတ်ကိုမဖုံးနှင့်၊၊ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။
၁၈ ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း မနက်ဖြန် နံနက်မှငါပြု၏။
၁၉ လူများတို့ကလည်း ဤသို့သင်ပြုသောအမှု သည် ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း၊၊ ငါတို့အား မပြောသလောဟု ငါ့အားမေးကြသော်၊
၂၀ ငါက ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂၁ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေအမျိုးအားဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာဌာန၊ သင်တို့၏ အစွမ်းသတ္တိကို အထွဋိအမြတ်၊ သင်တို့ ကြည့်ရှုလိုဘွယ်သောအရာ အလွန်နှမြောသော အရာ ကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သော သားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။
၂၂ ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုရကြလိမ့်မည်။ နှုတ်ကိုမဖုံး ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
၂၃ ခေါင်းပေါင်းကိုပေါင်း၍ ခြေနင်းကို စီးကြရ လိမ့်မည်၊၊ ငိုကြွေးမြည်တမ်းခြင်းကို မပြုရကြ၊၊ ကိုယ့်အပြစ်ကြောင့် ပိန်ကြုံ၍ တယောက်ကို တယောက်ညည်းတွား ရကြလိမ့်မည်၊၊
၂၄ ထိုသို့ယေဇကျေလသည် သင်တို့အား ပုပ္ပနိမိတ်ဖြစ်၏။ သူပြုသမျှ အတိုင်းသင်တို့သည် အမှုရောက်သောအခါ၊ ပြု၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
၂၅ အချင်းလူသား၊ သင်၏ အမှုမူကား သူတို့အစွမ်းသတ္တိ၊ ဝါကြွားစရဘုန်း၊ ကြည့်ရှုလိုဘွယ်သောအရာ၊ စိတ်စွဲလမ်းသောအရာကိုင်း၊ သားသမီးတို့ကိုင်း ငါပယ်ရှားသောအခါ၊
၂၆ လွတ်သောသူတစုံတယောက်သည် သင်ရှိ ရာသို့ ရောက်လာ၍ ကြားပြောလိမ့်မည်။
၂၇ ထိုအခါ လွတ်သောသူနှင့် တွေ့သဖြင့် သင်၏ နှုတ်ပွင့်လိမ့်မည်။ စကား မပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ်၍ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။