Sunday, March 11, 2018

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇
၁ ခြောက်ရက်လွန်သောအခါ ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန်တို့ကိုခေါ်၍ မြင့်လှစွာ သော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သိုဆောင်ကြွတော်မူ၏။
၂ သူတို့ရှေ့၌ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံ သည်ဖြစ်၍။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။
၃ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။
၎ ထိုအခါပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊တဲသုံးဆောင် ကိုအလိုတောင်ရှိလျှင် အကျွန်ုပ်တို့သည်ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
၅ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးဃ်းတိမ်ကအသံ တော်ဖြစ်လေ၏။
၆ တပည့်တော်တို့သည်ကြား ရလျှင်၊ ပြပ်ဝပ်၍အလွန်ကြောက်လန့်ခြင်းရှိကြ၏။
၇ ယေရှုသည်လာ၍သူ တို့ကိုလက်နှင့်တို့တော်မူလျက်၊ ထကြ၊မကြောက်ကြနှင့်ဟု မိန့်တ်ာမူသော်၊
၈ သူတို့သည်ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ် သူကိုမျှမမြင်ကြ။
၉ တော်ပေါ်မှဆင်းကြသောအခါ ယေရှုက၊လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင် သော ရူပါရုံကိုအဘယ်သူအားမျှမပြောကြနှင့်ဟုတပည့်တော်တို့ကိုပညတ်တော်မူ၏။
၁၀ ထိုအခါ တပည့်တော်တို့က၊ဧလိယသည်အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည်အဘယ်ကြောင့်ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
၁၁ ယေရှုက၊ ဧလိယသည် အရင်လာ၍အလုံးစုံတို့ကိုပြုပြင်ရသည်မှန်ပေ၏။
၁၂ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့်သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထိုနည်းတူလူသားသည်လည်းထိုလူများလက်၌ခံရမည် ဟုမိန့်တ်ာမူသော်၊
၁၃ ဗတ္တိဇံ ဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကိုတပည့်တော်တို့ သည်နားလည်ကြ၏။
၁၄ လူအစုအဝေးရှိရာသို‹ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊သခင်၊
၁၅ အကျွန်ုပ်၏ သားကိုကယ်မသနားတော်မူပါ။ဝက်ရူးနာစွဲ၍ ပြင်းစွာခံရပါ၏။မီး၌၎င်း၊ ရေ၌၎င်းအကြိမ်ကြိမ် လဲတတ်ပါ၏။
၁၆ တပည့်တော်တို့ထံသို့ဆာင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျောက်လျှင်၊
၁၇ ယေရှုက၊ယုံကြည်ခြင်းမရှိ၊ ဖေါက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟုမိန့်တ်ာမူ၏။
၁၈ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည်သူမှထွက်သွားသဖြင့်၊ ထိုခဏမှ စ၍သူငယ်သည် ကျန်းမာ ပကတိဖြစ်လေ၏။
၁၉ ထိုအခါတပည့်တော်တို့သည် ဆိတ်ကွယ်ရာ အရပ်၌ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည်ထို နတ်ဆိုးကိုအဘယ်ကြောင့်မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊
၂၀ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ၊ငါအမှန်ဆိုသည်ကား၊ သင်တို့သည်မုန်ညင်းစေ့ခန့်မျှ လောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကို နေရာမှ ရွေ့လော့ဟုဆိုကြသော်၊ နေရာမှရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။
၂၁ သို့သော်လည်းဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟုမိန့်တော်မူ၏၊
၂၂ ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကိုလူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
၂၃ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်းအလွန်ဝမ်းနည်းခြင်းရှိကြ၏၊
၂၄ ကပေရနောင်မြို့သို့ရောက်သောအခါ၊  ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသော သူတို့သည် ပေတရု ဆီသို့လာ၍သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟုပေတရုဆို၏။
၂၅ ပေတရု သည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည်တင်ကူး၍အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သနည်း။ လောကီရှင် ဘုရင်တို‹သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာခံကြသလော၊ ဟုမေး တော်မူလျှင်၊
၂၆ ပေတရုက၊ သူတပါးမှာခံကြပါဟု လျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင်သားမူကား လွတ်ရ၏။ သို့သော်လည်းထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ငါးမျှားကိုချလော့။
၂၇ ရှေ့ဦးစွာ ရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟုမိန့်တော်မူ၏။