သုတ္တံကျမ်း အခန်းကြီး ၈
၁ ဥာဏ်ပညာသည် ခေါ်၍ မိမိအသံကို လွှင့်သည်မဟုတ်လော။
၂ မြင့်သောအရပ်ထိပ်၌င်း၊ လမ်းခရီးအနား၌ င်းရပ်နေ၏။
၃ ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊
၎ အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကို ငါလွှင့်၏။
၅ ဥာဏ်တိမ်သောသူတို့ ပညာတရားကို နားလည်ကြလော့၊၊ လူမိုက်တို့ ထိုးထွင်းသော ဥာဏ်ရှိကြလော့။
၆ နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သော တရားစကားကို ငါနှုတ်မြွတ်မည်။
၇ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့် သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
၈ ငါဟောပြော သမျှသောစကားတို့သည် ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။
၉ နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။
၁၀ ငွေအရင်၊ ငါ့နည်းကိုင်း၊ မြတ်သောရွှေ အရင်၊ ပညာအတတ်ကိုင်း ခံယူကြလော့။
၁၁ အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍ မြတ်၏။ နှစ်သက်ဘွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
၁၂ ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့် ပေါင်း၍၊ လိမ္မာသော သိပံ္ပအတတ်များကို ဘော်တတ်၏၊
၁၃ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသော သဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။
၁၄ အကြံပေးနိုင်သော အခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဥာဏ်ဖြစ် ၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
၁၅ ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိကြ၏။
၁၆ ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီးအပေါင်းတို့သည် အစိုးရသော အခွင့်ရှိကြ၏။
၁၇ ငါ့ကို ချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
၁၈ ငါ၌ စည်းစိမ်နှင့် ဂုဏ်အသ ရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီ ရှိ၏။
၁၉ ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍ မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍မြတ်၏၊၊
၂၀ ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍
၂၁ ငါ့ကိုချစ်သောသူတို့သည် အမွေခံရသောအခွင့်နှင့် သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသောအခွင့်ကို ငါပေးတတ်၏၊၊
၂၂ ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။
၂၃ မြေကြီးမဖြစ်မှီ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
၂၄ နက်နဲသော ပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကို ဖြစ်ဘွားစေတော်မူ၏။
၂၅ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
၂၆ မြေကြီးနှင့်လယ်တော များကို မဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွား စေတော်မူ၏။
၂၇ မိုလ်းကောင်းကင်ကို မြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
၂၈ အထက်မိုးဃ်းတိမ်ကို တည်စေသော အမှု၊ နက်နဲသော အရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
၂၉ သမုဒ္ဒရာ၌ ကွန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်ကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
၃၀ ငါသည် ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ် မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ် ကစားလျက်၊
၃၁ ဖန်ဆင်းတော်မူသောမြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့် ပေါင်းဘော်၍ ပျော်ပါးလျက်နေ၏။
၃၂ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏ လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
၃၃ ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
၃၄ ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက် တံခါးတိုင်နားမှာ မြော်လင့်လျက် နေသောသူသည် မင်္ဂလာရှိ၏။
၃၅ ငါ့ကိုရှာ၍ တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကိုလည်း ခံရ၏။
၃၆ ငါ့ကို ပြစ်မှားသောသူမူကား၊ မိမိအသက် ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူ အပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။