ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၃
၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဆီသို့ ရာက်လာ၍၊
၂ အချင်းလူသား ကိုယ်အလို အလျောက် ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တဘက်၌ ပြောလော့၊၊ ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့ ဟုသူတို့အား ပြောလော့။
၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက်တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။
၎ အိုဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့်တူကြ၏။
၅ ဣသရေလအမျိုးသည် ထာဝရဘုရား၏ နေ့ရောက်မှ စစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့ သည် မြို့ရိုးပျက်အပေါ်သို့တက်၍ ပြုပြင်ခြင်း အမှုကို မပြုဘဲနေကြ၏။
၆ အချည်းနှီးသော အရာကို မြင်ကြပြီ။ ထာဝရ ဘုရား စေလွှတ်တော်မမူဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟုဆိုလျက်၊ လှည့်စား၍ ပရောဖက်ပြုကြပြီ။ ကိုယ်စကား ပြည့်စုံမည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ။
၇ ငါမပြောဘဲ ထာဝရဘုရား မိန့်တော်မူဟု သင်တို့ဆိုလျက် အချည်းနှီး သောအရာ ကိုမြင်ကြပြီမဟုတ်လော။ လှည့်စား၍ ပရောဖက် ပြုကြပြီမဟုတ်လော။
၈ ထိုကြောင့် အရှင်ထာဝရဘုရား၊ မိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသော စကားကိုပြော၍ မုသာရူပါရုံကို မြင်သောကြောင့် ငါသည် သင်တို့တဘက်၌နေ၏။
၉ အချည်းနှီးသော အရာကိုမြင်၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌နေရာမချရ။ ငါသည် ထာဝရဘုရားဖြစ် ကြောင်း ကို သင်သိရကြလိမ့်မည်။
၁၀ ငြိမ်သက်ခြင်းမရှိသော်လည်း၊ ငြိမ်သက်ခြင်းရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏ လူတို့ကို လှည့်စားသောကြောင့်င်း၊ တယောက်ကား အုတ်ရိုးကိုတည်လျက်၊ တယောက်ကား အင်္ဂတေနှင့် မွမ်းမံလျက် ပြုသောကြောင့်င်း၊
၁၁ ထိုအုတ်ရိုးသည် ပြိုလဲမည်ဟု အင်္ဂတေနှင့် မွမ်းမံသော သူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုး လိမ့်မည်။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။
၁၂ ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ သင်တို့မွမ်းမံသော အင်္ဂတေ သည် အဘယ်မှာ ရှိသနည်းဟု သင်တို့အား သူတပါး မေးလိမ့်မည် မဟုတ်လော။
၁၃ ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အမျက်ထွက်၍၊သင်တို့အုတ်ရိုးကို မိုဃ်းသက်မုန်တိုင်းအားဖြင့် တိုက်ဖျက်မည်။ ငါ၏ ဒေါသအရှိန်ကြောင့် မိုဃ်းရေလွှမ်းမိုး၍၊ ကြီးစွာသော မိုဃ်းသီးနှင့် ဆုံးစေမည်။
၁၄ ထိုသို့ သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ၍၊ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည် လဲ၍ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြ လိမ့်မည်။
၁၅ ထိုသို့အုတ်ရိုး၌င်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌င်း၊ ငါသည် ကိုယ်အမျက်ကိုဖြေမည်။ အုတ်ရိုးမရှိ ဟူ၍င်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊
၁၆ ငြိမ်သက်ခြင်း မရှိသောအခါ ယေရုရှလင်မြို့အဘို့ ငြိမ်သက်ခြင်းရူပါရုံကိုမြင်၍ ဟောပြောသော ဣသရေလပရောဖက် များ မရှိကြဟူ၍င်း၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၇ ထိုမှတပါး၊ အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရောဖက်ပြုသော သင်၏ အမျိုးသမီးတို့တဘက်၌ မျက်နှာပြု၍၊
၁၈ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကို ဘမ်းခြင်းငှါ ခပ်သိမ်းသော သူတို့၏ နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ ခေါင်းပေါ်မှာ ဦးထုတ်တို့ကို တင်ထားသော မိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါလူတို့ အသက်ဝိညာဉ်ကိုဘမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှကယ်ချွတ် ကြလိမ့်မည်လော။
၁၉ မုယောဆန်တလက်ဆွန်းနှင့် မုန့်တဖဲ့ကို ရအံ့သောငှါ ငါ၏လူတို့တွင် င့ါကို ရှုတ်ချကြလိမ့်မည် လော။ မုသာစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသာစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏ အသက်ကို သတ်၍၊ မရှင်အပ်သော သူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။
၂၀ ထိုကြောင့် အရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင်ဘမ်းလျက်၊ သုံးတတ်သော ခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု၍ သင်တို့နံပါးမှ ဆွဲနှုတ်ပြီးလျှင်၊ သင်တို့ရအောင် ဘမ်းသော အသက် ဝိညာဉ်တို့ကို ငါလွှတ်မည်။
၂၁ သင်တို့ဦးထုတ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏ လူတို့ကို သင်တို့လက်မှ ကယ်နှုတ် မည်။ နောက်တဖန် သူတို့သည် အဘမ်းခံ၍၊ သင်တို့လက်သို့ မရောက်ရကြ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့် မည်။
၂၂ ငါမညိ‡ုးငယ်စေသော လူကောင်းတို့ကို သင်တို့သည် မုသာစကားအားဖြင့် ည‡ိုးငယ်စေ ခြင်းကြောင့်င်း၊ လူဆိုး တို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှါ၊ အသက်ချမ်းသာပေး၍၊ သူတို့ကို ခိုင်မာစေ သောကြောင့်င်း၊
၂၃ နောက် တဖန် သင်တို့သည် အချည်းနှီးသော အရာကို မမြင်ရကြ။ ပရောဖက်ပြု၍ မဟောရကြ။ ငါ၏ လူတို့ကို သင်တို့လက် မှ ငါကယ်နှုတ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။