ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၅
၁ မောဘပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညဥ့်အခါ၊ မောဘပြည် အာရမြို့သည် ပျက်ဆီး ၏၊၊ လုပ်ကြံသော ညဥ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်ဆီး၏၊၊
၂ ပြည်သားတို့သည် ဗတ်မြို့ ဒိဘုန်မြို့၌ မြင့်သော အရပ်သို့တက်၍ ငိုကြွေးကြ၏၊၊ မောဘပြည်သားတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွား မြည်းတမ်းကြ၏၊သူတို့ ခေါင်းပေါ်မှာ ဆံပင်မရှိ၊၊ သူတို့မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ၊၊
၃ လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးအပေါ်၌င်း၊ လမ်းမ၌ င်းရှိသမျှသောသူတို့သည် ညည်းတွားမြည်းတမ်း၍၊ အလွန်မျက်ရည်ကျကြ၏၊၊
၎ ဟေရှ ဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏၊၊ မောဘသူရဲတို့သည်လည်း တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏၊၊
၅ ငါ့နှလုံးသည်လည်း မောဘအဘို့ ငိုကြွေး၏၊၊ ပြေးသောသူတို့သည် သုံးနှစ် အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏၊၊ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက်တက်ကြ၏။ ဟော ရနိမ်မြို့သို့သွားသောလမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏၊၊
၆ အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍ မြက်ပင်များသွေ့ခြောက်ခဲ့ပြီ၊၊ ပျိုးပင်များလည်း သေခဲ့ပြီ၊၊ စိမ်းသောအပင်တပင်မျှမရှိ၊၊
၇ ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင်ချိုင့်သို့ ယူသွားလိမ့်မည်၊၊
၈ ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏၊၊ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်င်း၊ ဗေရဧလိမ်မြို့တိုင်အောင်င်းရောက်လေ၏၊၊
၉ အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏၊၊ ဒိမုန်မြို့ အပေါ်မှာအခြားသော ဘေးများကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကိုင်း ငါရောက်စေမည်။