Wednesday, March 14, 2018

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၆
၁ တဖန်အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖတ်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလတောင်တို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
၂ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊
၃ ပရောဖတ်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာ ဖြစ်ရသည့်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသောကြောင့်င်း၊ သင်တို့သည်လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်င်း၊
၎ အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှ စ၍၊ ပတ်လည်၌နေသော တပါးသောအမျိုးသား အကျန်အကြွင်းတို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သော မြို့တို့အား မိန့်တော်မူသည်ကား၊
၅ အကယ်စင်စစ်ငါ့ပြည်ကိုလုယူစရာဘို့ပစ်ထားခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊  အငြိုးထား သော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သောဧဒုံအမျိုးသားအပေါင်းတို့ နှင့်ကျန်ကြွင်းသောတပါးသော အမျိုး သားတို့ တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
၆ သို့ဖြစ်၍ ဣသရေလပြည်ကိုရည်မှတ်၍ ပရောဖက်ပြုလျက် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာတို့အားအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ခြင်းကို ခံရသောကြောင့်၊ ငါသည်ဒေါသအမျက်ထွက်၍ ပြောပြီ။ 
၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အကယ်စင် စစ် သင်တို့ပတ်လည်၌ နေသောတပါးအမျိုးသားတို့သည် ကိုယ့်အရှက်ခွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ၊
၈ အိုဣသရေလ တောင်တို့၊ သင်တို့မူကား၊ အပင်ပေါက်၍ ငါ၏ လူဣသရေလ အမျိုးသားတို့အဘို့ အသီးကို သီးရ ကြလိမ့်မည်။ သူတို့ပြန်လာချိန်နီးပြီ။
၉ ငါသည် သင်တို့ဘက်၌ နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့် သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ကြဲကြလိမ့်မည်၊
၁၀ သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေအမျိုးသားအပေါင်းတို့ကို ငါပြန့်ပွားစေသဖြင့်၊ သူတို့သည် မြို့များ၌ နေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။
၁၁ သင်တို့အပေါ် မှာ လူနှင့် တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်း အရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
၁၂ သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ ဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။
၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ့်အမျိုးသားချင်း တို့ကို လုယူဖျက် ဆီးတတ်၏ဟု သူတပါးဆိုသောကြောင့်၊
၁၄ နောက်တဖန် သင်သည် လူတို့ကို မကိုက်မစားရ။ ကိုယ့် အမျိုးသားတို့၌ လုယူဖျက် ဆီးခြင်းကို မပြုရဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၅ နောက်တဖန် အတိုင်းတိုင်း အပြည်ပြည်ကဲ့ရဲ့ အပြစ်တင် သောစကားကို မကြားရ။ နောက်တဖန် ကိုယ့်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၆ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၁၇ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည် ကိုယ့်ပြည်၌ နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူသောအားဖြင့် ထိုပြည်ကို ညစ်ညူး စေကြ၏၊၊ သူတို့အကျင့်ဓလေ့သည် ငါရှေ့မှာ ဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ဖြစ်၏၊၊
၁၈ ထိုပြည်၌ လူအသက်ကို သတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသောအပြစ်ကြောင့် ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။
၁၉ အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့်စေပြီ။ သူတို့ကျင့်ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။
၂၀ သို့ရာတွင် တကျွန်းတနိုင်ငံသို့ ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။  ကိုယ်ပြည်မှထွက် သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏ နာမမြတ်ကို ရှုတ်ချသောကြောင့်၊
၂၁ ဣသရေလ အမျိုးသားရောက်ရာ တကျွန်းတနိုင်ငံ အရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏ နာမမြတ်ကို ငါနှမြော၏၊၊
၂၂ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား အမိန့်တော် ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး သင်တို့ကို ထောက်၍ ဤပြုသမျှအမှုကို ငါပြုသည်မဟုတ်။ သင်တို့ ရောက်သမျှသော အရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့မှာ ရှုတ်ချသော ငါ၏ နာမမြတ်ကိုသာ ထောက်၍ ပြု၏။
၂၃ တပါးအမျိုးသားတို့အလယ်၌ သင်တို့ရှုတ်ချသော ငါ၏ မဟာနာမတော်ကို ငါမြှောက်မည်။ သူတို့မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် မြှောက်ရာသို့ ရောက်သောအခါ၊ ငါသည် ထာရဘုရားဖြစ်ကြောင်း ကို သူတို့ သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၄ အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်းအပြည် ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးခဲ့ပြီးလျှင်၊ သင်တို့နေရင်းပြည်သို့ ငါပို့ဆောင်မည်။
၂၅ သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်းသဖြင့် သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓြွာထဲက ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။
၂၇ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့လိုက်၍၊ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
၂၈ ဘိုးဘေးတို့အား ငါပေးသော ပြည်၌ သင်တို့သည် နေရ၍ ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။
၂၉ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှါ၊ ဆန်စပါးကိုမှာလိုက်၍ များပြားစေမည်။
၃၀ သင်တို့ သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါ များပြားစေမည်။
၃၁ ထိုအခါ သင်တို့သည် ကိုယ့်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက် မေ့၍၊ ကိုယ့်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာကြလိမ့်မည်။
၃၂ သင်တို့ကို ထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ မိမိပြုမိသော အမှုကြောင့် ရှက်ကြောက်လျက်၊ မိန်းမေတွေဝေလျက် နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်၏။
၃၃ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့ ဒုစရိုက်အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌ လူနေစေ၍ ပျက်စီးသောအရပ်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။
၃၄ ရှောက်သွားသော သူအပေါင်းတို့၏ မျက်မှောက်၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြလိမ့်မည်။
၃၅ ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သောဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လေပြီ။ သုတ်သင်ပယ်ရှင်းပျက်စီးသောမြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သားတို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
၃၆ ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရဘုရား ပြုပြင်ကြောင်းကိုင်း၊ စွန့်ပစ်သောမြေတွင် လယ်လုပ်ကြောင်းကိုင်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့ သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။
၃၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး အဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။  သိုးများပြားသကဲ့သို့ ထိုအမျိုးသား ချင်းတို့ကို များပြား စေမည်၊၊
၃၈ ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစုတည်းဟူသော၊ ဓမ္မပွဲခံချိန်တွင်  ယေရု ရှလင်သိုးစုကဲ့သို့သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။