ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၅
၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂ အချင်းလူသား၊ သစ်တော၌ သစ် ခက်သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသော သစ်သားထက်မြက်သောအရာ တစုံတရာ ရှိသလော။
၃ တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော။ တစုံတခုကို ဆွဲထားစရာ တံစို့ကို စပျစ်နွယ်သားဖြင့် လုပ်တတ်သလော။
၎ ထင်းဘို့ မီးထဲသို့ ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏၊၊ အသုံး ဝင်တတ်သလော၊၊
၅ မီးမလောင်မှီ အသုံးမဝင်လျှင် မီးလောင်၍ ကျွမ်းပြီးမှ အသုံးမဝင်ဟုသာ၍ ဆိုဘွယ်ရှိသည်မဟုတ် လော။
၆ ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တောသစ်ပင်တွင် မီးမွေးစရာ ဟင်းဘို့ငါအပ်သော စပျစ်နွယ်သားကဲ့သို့ ယေရုရှလင်မြို့သားတို့ကို ငါအပ်မည်။
၇ သူတို့တဘက်၌ ငါသည် မျက်နှာကို ထားမည်။သူတို့သည် မီးတပုံမှ ထွက်၍ တပုံ၌ လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည်မျက်နှာကို ထားသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်း သင်တို့ သိရကြလိမ့်မည်။
၈ သူတို့သည် ငါ့ကို အထပ်ထပ် ပြစ်မှားသောကြောင့်၊ ငါသည်သူတို့ပြည်ကို လူဆိတ်ညံ့ရာ အရပ်ဖြစ်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။