သုတ္တံကျမ်း အခန်းကြီး ၇
၁ ငါ့သား၊ ငါ့စကားကို စေ့စေ့ နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
၂ ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ ငါပေးသော တရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
၃ သင်၏ လက်ချောင်း တို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
၎ ပညာကို ကိုယ်နှမဟူ၍င်း၊ ဥာဏ်ကို ကိုယ်ပေါက် ဘော်ဟူ၍င်းခေါ်လော့။
၅ သို့ပြုလျှင်သူတို့သည် အမျိုးပျက်သော မိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည်ဆန်ဆာ မိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
၆-၇ ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍ မြင်ရသောအမှုဟူမူကား၊ ဥာဏ်တိမ်သော အမျိုးသားချင်း စုကိုငါ ကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊
၈ ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
၉ မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဥ့်နက်သောအချိန်ရောက်သောအခါ၊ ထိုမိန်းမနေရာလမ်းသို့ လိုက်လေ၏။
၁၀ ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသောမိန်းမသည် ထိုသူကိုကြိုဆို၏။
၁၁ ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌ မနေ၊ လည်တတ်၏။
၁၂ ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်း ထောင့်အရပ်ရပ် ၌ ချောင်းမြောင်း၍ ကြည့်တတ်၏။
၁၃ ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်း ရှုပ်လျက်၊
၁၄ ငါ၌ မိဿဟာယူဇော်သက္ကာရှိ၏။ ယနေ့ ငါဂတိဝတ်ကိုငါဖြေပြီ။
၁၅ ထိုကြောင့် သင့်ကို ကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍ တွေ့ပြီ။
၁၆ ငါ့ခုတင်ကို ချယ်လှယ်သော အိပ်ရာခင်းနှင့်င်း၊ အဲဂုတ္တု ပိတ်ချောနှင့်င်း ပြင်ဆင်ပြီ။
၁၇ ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့် ထုံပြီ။
၁၈ လာပါ၊ မိုဃ်းလင်းသည် တိုင်အောင် ကာမရာဂစိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
၁၉ ငါ့အရှင်သည် အိမ်မှာမှရှိ။ ငွေအိတ်ကိုဆောင်လျှက် ဝေးသော အရပ်သို့သွားပြီ။
၂၀ ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
၂၁ ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင်၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့် နိုင်သဖြင့်၊
၂၂ နွားသည်အသေခံရာသို့ လိုက်သကဲ့သို့င်း၊ သမင်ဒရယ် သည် မိမိအသည်း၌ မြ‡ားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ဝင်သကဲ့သို့င်း၊ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင်မှန်းကို မရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သကဲ့သို့င်း၊
၂၃ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
၂၄ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်၍ ငါဟောပြောချက် တို့ကို မှတ်ကျုံးကြလော့။
၂၅ ထိုသို့သော မိန်းမနေရာလမ်းကိုစိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍ မလိုက်နှင့်။
၂၆ အကြောင်းမူကား၊ သူသည် စစ်သူရဲအများတို့ကိုလှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
၂၇ သူ၏ အိမ်သည် သေမင်း၏ ဘုံဗိမာန်သို့ ဆင်း၍၊ မရဏာနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။