ဗျာဒိတ်ကျမ်း အခန်းကြီး ၁၀
၁ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌သက်တံ့ရှိ၏။ သူ၏မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။
၂ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည် ပင်လယ်ပေါ်မှာ၎င်း၊ လက်ဝဲခြေသည်မြေကြီးပေါ် မှာင်းနင်း၍၊
၃ ခြသေ့င်္ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက် မြည်လေ၏။
၎ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည် ဟုအားထုတ်သော်၊ ကောင်းကင်မှထွက် သောအသံကား၊ မိုဃ်းကြိုးသံခုနစ်ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟု ဆိုသည် ကိုငါကြား၏။
၅ ထိုအခါ ငါမြင်၍ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသောကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊
၆-၇ ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထား တော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
၈ ငါကြားရသောကောင်းကင်အသံသည် တဖန်ငါ့အားပြောသည်ကား၊ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသောစာစောင်ငယ်ကို သွား၍ယူလော့ဟု ဆိုလျှင်၊
၉ ငါသည်ကောင်းကင်တမန် ထံသို့သွား၍ စာစောင်ငယ်ကိုပေးပါဟုတောင်း၏။ သူကလည်းယူ၍ စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟု ဆိုလျှင်၊ ငါသည်စာစောင်ကို ကောင်းကင်တမန်၏ လက်မှယူ၍စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။
၁၀ ကောင်းကင်တမန်ကလည်း၊ သင်သည်အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၎င်း၊ ရှင်ဘုရင်တို့၌၎င်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။