Sunday, March 18, 2018

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၈
 စပျစ်ရည်နှင့်ယစ်မူးသောသူတို့၏နေရာကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုးသေသောက်ကြူးတို့၏ မာနသ ရဖူနှင့်၊ သူတို့၌ ညိ‡ုးနွမ်းတတ်သောဘုန်အသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏၊၊
 ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီး သော သူသည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန်တိုင်းကဲ့သို့င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့ သို့င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်၊၊
 ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကို ခံရလိမ့်မည်၊၊
 ကြွယ်ဝသော ချိုင့်ဦးတွင် သူတို့၌ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်၊၊ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့်ကိုင်လျက်ပင် စားတတ်၏၊၊
 ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသော သရဖူ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူလိမ့်မည်၊၊
 တရားမှုကိုစီရင်သော သူတို့အား တရားစီရင်သော ဥာဏ် ကိုင်း၊ ရန်သူမျိုးတံခါးတိုင်အောင် စစ်မှုကို လှန်သောသူတို့အား၊ ခွန်အားဗလကိုင်း ပေးတော်မူလိမ့်မည်၊၊
 သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ၊၊ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ၊၊ စပျစ်ရည်နှင့် မွှန်ကြပြီ၊၊ သေရည် သေရက်ကြောင့် လမ်းလွှဲကြပြီ၊၊ ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည် အရာ၌ထိမိ၍ လဲလျက် နေကြ၏၊၊
 သူတို့စားပွဲရှိသမျှတို့သည်၊ လွတ်လပ်ရာမရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်င်း၊ အညစ်အကြေးနှင့်င်း ပြည့် လျက်ရှိကြ၏၊၊
 သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း၊၊ ငါတို့သည် နို့နှင့်ကွာစ ရှိသောသူ၊ အမိသားမြတ်နှင့်အနိုင်ကွာရသောသူ ဖြစ်ကြ သလော၊၊
၁၀ ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကားဟုဆိုကြ၏၊၊
၁၁ အကယ်စင်စစ်၊ စကားမပြီသော နှုတ်ရိုင်းသော လျှာနှင့်ဤလူမျိုးကို မိန့်တော်မူလိမ့်မည်၊၊
၁၂ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်၊၊  ပင်ပန်းသော သူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင်သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူ့တို့သည် နားမထောင်ကြ၊၊
၁၃ ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် သူတို့၌ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်၊၊
၁၄ သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့၊၊
၁၅ သင်တို့က၊ ငါတို့သည် သေမင်းနှင့်မိဿဟာယဖွဲ့ကြပြီ၊၊ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ၊၊ လွှမ်း မိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ၊၊ ငါတို့သည်မုသာကို ကိုးစားကြ၏၊၊ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍ နေကြ၏ဟု ဆိုတတ်သောကြောင့်၊
၁၆ အရှင်ထာဝရဘုရားက စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏၊၊ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသော အကြောင်းမရှိ၊၊
၁၇ တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်၊၊ မိုဃ်းသီးရွာ၍ ကိုးစားရာမုသာကို ပယ်ရှားလိမ့်မည်၊၊ ပုန်းကွယ်ရာ အရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်၊၊
၁၈ သင်တို့သည် သေမင်းနှင့် ဖွဲ့သော မိဿဟာယပျက်လိမ့်မည်၊၊ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ၊၊ လွှမ်းမိုးသောဘေးသည် ချင်းနှင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်၊၊
၁၉ ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်၊၊ နံနက် အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဥ့်မပြတ် ချင်းနင်း သည်ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိန်လန့်ခြင်းအကြောင်း ရှိလိမ့်မည်၊၊
၂၀ ခုတင်သည် ကိုယ်မဆန့်လောက်အောင် တို၏၊၊ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏၊၊
၂၁ ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော  အမှုတော်ကိုပြုခြင်းငှါင်း၊ အလုပ်တော်တည်းဟူသော၊ လုပ်မြဲမဟုတ်သောအလုပ်တော်ကို လက်စသတ်ခြင်းငှါင်း၊ ပေရဇိမ်တောင်ပေါ်မှ ပြုသကဲ့သို့ ထတော်မူမည်၊၊ ဂိဗောင်ချိုင့်ထဲမှာရှိသကဲ့သို့ အမျက်ထွက်တော်မူမည်၊၊
၂၂ ယခုမှာ သင်တို့သည် သာ၍ ပြင်းစွာသောဆုံးမခြင်းနှင့် လွှတ်မည်အကြောင်း၊ နောက်တဖန်ဆဲရေးခြင်းကိုမပြုကြနှင့်၊၊ ပြည်တပြည်လုံး၌ အနှံ့အပြားစီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရားထံတော်၌ငါကြားရပြီ၊၊
၂၃ ငါပြောသံကိုကြား၍ မှတ်ကြလော့၊၊ ငါ့စကားကိုစေ့စေ့နားထောင်နာယူကြလော့၊၊
၂၄ လယ်လုပ်သော သူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကိုချေလျက် အစဉ်လယ်ထွန်တတ်သလော၊၊
၂၅ လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည်မဟုတ်လော၊၊ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍၊ မုယောစပါးနှင့်ကောက် စပါးမျိုးစေ့အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော၊၊
၂၆ အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သောဥာဏ်ကိုပေးတော်မူ၏၊၊ သူ့ကိုလည်း သွန်သင်တော် မူ၏၊၊
၂၇ စမုန်နက်မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့်မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကိုမလှိမ့်တတ်၊၊ စမုန်နက်စေ့ကို တုတ်နှင့်င်း၊ ဇီယာစေ့ကိုကြိမ်လုံးနှင့်င်း၊ ရိုက်တတ်၏၊၊
၂၈ ဂျုံစပါးကိုကား နယ်တတ်၏၊၊ သို့သော်လည်း၊ အစဉ်နယ်တတ်သည်မဟုတ်၊၊ လှည်းဘီးနှင့်မြင်းတို့ကို နှင်သော်လည်း၊ စပါးကိုညက်စေတတ် သည်မဟုတ်၊၊
၂၉ ထိုအမှုသည်လည်း၊ ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအကြံ ပေးတော်မူသောအမှုတည်း၊၊ အကြံပေးတော်မူခြင်းသည် အံ့သြဘွယ်ဖြစ်၏၊၊ ဥာဏ်တော်သည်လည်းထူးဆန်းပေ၏။