Sunday, March 11, 2018

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂
၁ မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကိုမှတ်ကျုံး၍ စဉ်းစားဆင်ခြင် လျက်နေ၏။
၂ ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း။
၃ လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှါ အသီးသီး မိမိတို့မြို့ရွာသို့ သွားကြ၏။
၎-၅ ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယား မာရိနှင့်အတူ စာရင်းဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။
၆ ဗက်လင်မြို့၌ ရှိနေစဉ် ဘွားအံ့သောနေ့လစေ့လျှင်၊
၇ သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာ စရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌သိပ်ထားလေ၏။
၈ ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊
၉ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
၁၀ ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။
၁၁ ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
၁၂ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊
၁၃ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊
၁၄ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။
၁၅ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့သွား ကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုပြီး လျှင်၊
၁၆ အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကို၎င်းတွေ့ကြ၏။
၁၇ တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။
၁၈ သိုးထိန်းတို့ပြောသော စကားကို ကြားသောသူ ရှိသမျှတို့သည် အံ့သြခြင်းရှိကြ၏။
၂၀ သိုးထိန်းတို့သည်လည်းမိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာ ကိုထောက်၍၊ ဘုရားသခင်ကို အံ့သြချီးမွမ်းလျက်ပြန်သွားကြ၏။
၂၁ ထိုသူငယ်အား အရေဖျားလှီးခြင်းကိုပေးရသော နေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီကောင်းကင်တမန်မှည့်သောယေရှုအမည်ဖြင့်မှည့်ကြ၏။
၂၂ ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်းစင်ကြယ်ခြင်းကိုပြုရသော နေ့ရက် စေ့သောအခါ၊ မိဘတို့သည် သူငယ်ကိုယေရုရှလင်မြို့သို့ ဆောင်သွား၍၊
၂၃ သားဦးယောက်ျားအပေါင်းတို့သည်ဘုရား အဘို့သန့်ရှင်း ရကြ၏ဟု ထာဝရဘုရား၏ပညတ္တိကျမ်း လာသည်နှင့်အညီ၊ ထာဝရဘုရားအားဆက်ကပ်ပြီးမှ၊
၂၄ ခိုနှစ်ကောင် ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူ ဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။
၂၅ ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊
၂၆ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။
၂၇ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊
၂၈ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊
၂၉ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။
၃၀-၃၂ ကိုယ်တော်၏ လူဣသရေလ အမျိုးကို ချီးမြောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသား တို့ကိုလင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော  ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စီနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။
၃၃ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။
၃၄ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။
၃၅ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။
၃၆ အာရှာအမျိုးဖြစ်သော ဖနွေလ၏ သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသော အရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့်နေပြီးလျှင်၊
၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်နေ့ညဥ့်မပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။
၃၈ သူသည်လည်းထိုခဏခြင်းတွင်ဝင်၍ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီး မွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကိုမြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
၃၉ မိဘတို့သည်ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသောမိမိတို့မြို့သို့ပြန်ကြ၏။
၄၀ သူငယ်သည်လည်း ကြီးပွါး၍ပညာဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်းသူ့အပေါ်၌တည်၏။
၄၁ မိဘတို့သည်နှစ်တိုင်းအစဉ် ပသခါပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။
၄၂ ယေရှုသည် တဆယ် နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်းယေရုရှလင်မြို့သို့တတ်ကြ၍၊
၄၃ ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့ သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကိုမသိ၍၊
၄၄ အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟုစိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုးအသိအကျွမ်းတို့တွင် ရှာ၍၊
၄၅ မတွေ့သောအခါ ယေရှရုလင်မြို့ပြန်၍ရှာကြ၏။
၄၆ သူငယ်မူကား ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။
၄၇ သူ၏စကားကိုကြားသောသူ အပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကား အဖြေကို၎င်း အံ့သြကြ၏။
၄၈ မိဘတို့သည်သားကိုမြင်လျှင် မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့်ငါ့တို့အား ဤသို့ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟု ဆိုသော်၊
၄၉ ယေရှုက၊ မိဘသည်အဘယ်ကြောင့်အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊
၅၀ သူတို့သည် ထိုစကားကိုနားမလည်ကြ။
၅၁ ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့်နာဇရက်မြို့သို့ရောက်၍သူတို့စကားကိုနားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။
၅၂ ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွါးလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။