Saturday, March 10, 2018

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၆
၁ သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ သာသနာပလူတို့ ရှေ့၌ ခံဝံ့သောသူ တစုံတယောက်ရှိသလော။
၂ သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည် ဟုမသိကြသလော၊သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သ လော။
၃ ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော။
၎ ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင်စရာရှိလျှင်၊ အသင်းတော်၌ အသရေနည်းသောသူတို့ကို တရားသူ ကြီးအရာ၌ ခန့်ထားကြလော့။
၅ ထိုသို့ဆိုသော်၊ သင်တို့ရှက်စေခြင်းငှါ ပြောဆို၏။ သင်တို့တွင် ပညာရှိတစုံတယောက် မျှမရှိသလော။ ညီအစ်ကိုချင်းတို့၏ အမှုကိုစီရင်ဆုံးဖြတ်နိုင်သော သူ တစုံတယောက်မျှမရှိသလော။
၆ ညီအစ်ကို ချင်းတို့သည် တရားတွေ့သည်သာမက၊ မယုံကြည်သောသူတို့ရှေ့၌ ပင် တရားတွေ့ပါသည်တကား။
၇ ထိုသို့ သင် တို့သည် အချင်းချင်း တရားတွေ့သည်အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ၏။ တရားမတွေ့ဘဲညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း။
၈ ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း။ ထိုသို့သင်တို့သည်မခံဘဲ၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်ညှဉ်းဆဲ၍၊ ညီအစ်ကိုချင်း တို့၏ဥစ္စာကို သိမ်းယူကြသည်တကား။
၉ မတရားသော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ သည်ကိုသင်တို့ မသိကြသလော။ အလွဲမယူကြနှင့်။ မတရား သောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားခြင်းမေထုန်ကို ပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
၁၀ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူး သောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။
၁၁ အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် ယေရှုခရစ်၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။
၁၂ ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှု အရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့။ အဘယ် အမှုအရာ၌မျှ ငါသည်ကျွန်မခံ။
၁၃ အစားအသောက်တို့သည် ဝမ်းအဘို့၊ ဝမ်းသည်လည်း အစားအသောက်တို့ အဘို့ဖြစ်သည် မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓွာ သည် မတရားသောမေထုန်အဘို့ဖြစ်သည်မဟုတ်။ ဘုရားသခင်အဘို့ဖြစ်၏။ ဘုရားသခင်သည်လည်း ကိုယ်ခန္ဓွာ အဘို့ဖြစ်တော်မူ၏။
၁၄ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကိုထမြောက်စေတော်မူသည်ဖြစ်၍၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည်။
၁၅ သင်တို့ကိုယ်ခန္ဓွာသည် ခရစ်တော်၏အင်္ဂါဖြစ်ကြောင်းကို မသိကြ သလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကိုယူ၍ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ်သလော။ မဖြစ်စေအပ်။
၁၆ အဘယ် သို့နည်း။ ပြည်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်းဖြစ်ကြောင်းကို မသိကြသ လော၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။
၁၇ ဘုရားသခင်၌ မှီဝဲ သောသူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ်၏။
၁၈ မတရားသောမထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြု တတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကို ပင် ပြစ်မှား၏။
၁၉ အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓွာသည် ဘုရားသခင်ပေး သနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင် ကြောင်းကို၎င်း၊ မသိကြသလော။
၂၀ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားကြစေလော့။