ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၁
၁ ဖြောင့်မတ်ခြင်း တရားသို့လိုက်၍ ထာဝရဘုရားသို့ ရှာတတ်သူတို့၊ ငါ့စကားကို နားထောင်ကြလော့၊၊ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့် တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့၊၊
၂ သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကို ဘွားသောသူ စာရာတို့ကို ကြည့်ရှုကြလော့၊၊ ငါသည် တစ်ယောက်တည်းသောသူ အာဗြဟံကို ခေါ်၍ ကောင်းကြီး ပေးသဖြင့် များပြားစေ၏၊၊
၃ ထိုသို့နှင့်အညီ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်၊၊ သူ၏ စိတ်ညံရာအရပ်အလုံးစုံတို့ကို ချမ်းသာပေးမည်၊၊ သူတို့တောကို ဧဒင်အရပ်ကဲ့သို့င်း ၊ သူ့၏လွင်ပြင်ကို ထာဝရ ဘုရား၏ ဥယျာဉ်ကဲ့သို့င်း၊ ဖြစ်စေတော်မူသဖြင်၊့ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်၊၊
၎ ငါ့၏လူမျိုး ငါ့လူစုကို ငါ့စကားကို နားထောင်နာယူကြလော့၊၊ ငါ့ထံမှ တရားထွက်၍ ငါ့စီရင်ချက်သည် လူများ လင်းစေရာဘို့ တည်ရလိမ့်မည်၊၊
၅ ငါ့၏ ဖြောင့်မတ်ခြင်း တရားသည် အနီးမှာရှိ၏၊၊ ငါ၏ကယ်တင်ခြင်း တရားသည် ထွက်သွားပြီ၊၊ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်၊၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကိုမျှော်လင့်၍ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်၊၊
၆ မိုဃ်းကောင်းကင်ကို မျှော်ကြည့်ကြလော့၊၊ မြေကြီးကိုလည်း ငုံ၍ ကြည့်ကြလော့၊ မိုဃ်းကောင်းကင်သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်၊၊ ငါ့၏ ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်ကြလိမ့် မည်၊၊ ငါ့၏ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်းမရှိနိုင်ရာ၊၊
၇ ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ့၏တရားကို နလုံးသွင်းမိသော သူတို့ ငါ့စကားကို နားထောင်ကြလော့၊ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်၊၊ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်၊၊
၈ အကြောင်းမူကား ပိုးရွတို့သည် သိုးမွေးအဝတ်ကို ကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြလိမ့်မည်၊၊ ငါ၏ ဖြောင့်မတ်ခြင်းတရားမူကား၊ နိစ္စထာဝရဖြစ်၍ ငါ၏ကယ်တင်ခြင်းတရားသည်လည်း ကမBအဆက်ဆက် တည်လိမ့်သတည်း၊၊
၉ အိုထာဝရဘုရား၏လက်ရုံးတော်၊ မိုးတော်မူပါ၊၊ မိုး၍ ခွန်အားကို ယူတော်မူပါ၊၊ ရှေးကာလနှင့်လွန်ဘူး သော ကာလ၌ကဲ့သို့ နိုးတော်မူပါ၊၊ ရာခပ်ကို ဒဏ်ခတ်၍ နဂါးကို နားစေသောသူကား၊ ကိုယ်တော်မဟုတ်လော၊၊
၁၀ ပင်လယ် ရေနက်နဲရာရေတို့ကို ခမ်းခြောက်စေ၍ ပင်လယ်နက်နဲရာအရပ်တို့ကို သွားစရာလမ်းဖြစ်စေသော သူကား ကိုယ်တော် ပင် မဟုတ်လော၊၊
၁၁ သို့ဖြစ်၍ ထာဝရဘုရားကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်း မြောက်ခြင်း သရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်၊၊ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညီးတွားခြင်းသည် ပြေးသွားရလိမ့်မည်၊၊
၁၂ သင်တို့ကို နှစ်သိမ့်စေသောသူကား၊ အခြားသူမဟုတ်၊ ငါကိုယ်တိုင်ပေတည်း၊၊ သေရသောလူကိုင်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတ္တံသောလူသားကိုင်း၊ သင်သည် ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
၁၃ မိုဃ်းကောင်းကင်ကို၊ ကြက်တော် မူထားသော၊ မြေကြီးကိုလည်း တည်တော်မူထသော သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို မေ့လျှော့၍ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီး လုပြီဟု စိတ်ထင် နှင့် သူ၏ ဒေါသအမျက်ကို အစဉ်ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှင်းဆဲသော သူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း၊၊
၁၄ အချုပ်ခံရသော သူသည် ထောင်ထဲမှာမသေ၊ ရေစာမပြတ် ၊ လျင်မြန်စွာ ကယ်နှုတ်ခြင်း သို့ရောက်လိမ့်မည်၊၊
၁၅ ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏၊၊ ထိုဘုရား၏ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း၊၊
၁၆ မိုဃ်းကောင်းကင်ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါင်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြေစေခြင်းငှါင်း၊ ငါ့စကားကို သင်၏ နှုတ်ထဲမှာ ငါထားပြီ၊၊ ငါ့လက်၏အရိပ်နှင့်သင့်ကို ငါမိုးပြီ၊၊
၁၇ ထာဝရဘုရား၏ လက်တော်၌ အမျက်တော်ဖလားကိုသောက်သော ယေရုရှလင်မြို့ နိုးလော့၊၊ နိုး၍ ထလော့၊ သင်သည် တုန်လှုပ်စေသောဖလားကို အကုန်သောက်ခဲ့ပြီ၊၊ အနယ်အဖတ်ကိုလည်း ညှစ်ခဲ့ပြီ၊၊
၁၈ ကိုယ်တိုင် ဘွားမြင်သောသားတို့တွင် သင့်ကိုလမ်းပြသောသူတစ်ယောက်မျှမရှိ၊၊ ကိုယ်တိုင်မွေးစားသောသား တို့တွင် သင့်ကို လက်ဆွဲသော သူတယောက်မျှမရှိ၊၊
၁၉ အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ထားဖြင့် ဖျက်ဆီးခြင်းဘေးတည်း ဟူသော ဘေးနှစ်ပါးတို့သည် သင့်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသ နည်း၊၊ ငါသည်အဘယ်သို့ ချမ်းသာပေးနိုင်သနည်း၊၊
၂၀ သင်၏သားတို့သည် မိန်းမောတွေဝေကြ၏၊၊ ကျော့ကွင်း၌ ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏၊၊
၂၁ သို့ဖြစ်၍ ညှင်းဆဲခြင်း ကိုခံရသောသူ၊ စပျစ်ရည်မှတပါး အခြားသော ယစ်မျိုးနှင့်ယစ်မူးသောသူ၊ နားထောင် လော့၊၊
၂၂ သင်၏ အရှင်မိမိလူတို့၏အမှုကို စောင့်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည် ကား၊ ကြည့်ရှုလော့၊၊ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏ လက်မှ ငါရုပ်၍ သင်သည် နောက်တဖန် မသောက်ရ၊၊
၂၃ သင်သည် ခရီးသွားသော သူတို့ရှေ့မှာကိုယ်ကို မြေတန်တားလုပ်၍ အလျားဝပ်စေခြင်းငှာ ဝပ်လျက်နေတော့၊၊ ငါကျော်သွားမည်ဟု ဆို၍ သင့်ကိုညှင်းဆဲသော သူတို့လက်၌ ထိုဖလားကို ငါထားမည်၊၊