Friday, March 16, 2018

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၄၅
၁ ယုဒရှင်ဘုရင် ယောရှိသားယောကိမ်လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆို သည်အတိုင်း၊ စကားတော်များကို စာ၌ရေးထားသောနောက်၊ ပရောဖတ်ယေရမိသည် ဗာရုတ်အား ဆင့်ဆိုရသော နှုတ်ကပတ် တော်ဟူမူကား၊
၂-၄ အိုဗာရုတ်၊  သင်က၊ ငါသည် အမင်္ဂလာရှိ၏။ ထာဝရ ဘုရားသည် ငါဝမ်းနည်းစရာအကြောင်းတပါး အပေါ်မှာ တပါးကိုထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည် ဖြစ်၍ သင်သည် ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါဆောက် သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက်သောအရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ်ပစ်မည်။
၅ သင်သည်ကြီးစွာသောအရာတို့ကို ကိုယ်အဘို့ရှာသလော။ မရှာနှင့်။ အကြောင်းမူကား၊ ငါသည်ခပ်သိမ်းသော သတ္တဝါ အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေလေရာရာ အရပ်ရပ်တို့၌၊ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။