ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၀
၁ အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ်မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ်ကြံသော နှစ်တွင်၊
၂ ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်းသော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာဇုတ် သားဟေရှာယကိုမိန့်တော်မူသည်အတိုင်း၊ သူသည်ပြု၍ အဝတ်ကိုမဝတ်၊ ခြေနင်းကို မစီးဘဲ သွားလာလျက်နေ၏။
၃ ထာဝရဘုရား ကလည်း ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊
၎ ထိုနည်းတူ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိ ရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှလူ အကြီး အငယ်တို့အားအဝတ်နှင့်ခြေနင်းကိုချွတ်၍၊ တင်ပါးကို မျှမဖုံးစေဘဲ ဘမ်းဆီး ချုပ်ထားသိမ်းသွားလိမ့်မည်။
၅ အာဇုတ်မြို့သားတို့သည်ကြောက်ကြလိမ့်မည်။ သူတို့ကိုးစား သောကုရှပြည်ကို င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကိုင်း ရှက်ကြလိမ့်မည်။
၆ ထိုကမ်းနားမှာနေသော သူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့မျှော်လင့်ရာအရာ၊ ပြေး၍ခိုလုံရာအရာသည် ထိုသို့ဖြစ်သည်တ ကား။ ငါတို့သည် အဘယ်သို့လွတ်နိုင်ပါမည်နည်းဟု ထိအခါဆိုကြလိမ့်မည်။