ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉
၁ ထိုဒေသနာတော်ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှ ပြောင်း၍ ယုဒပြည်စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။
၂ လူများအပေါင်းတို့သည် နောင်တော်သို့လိုက်ကြ သည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေတော်မူ၏။
၃ ဖာရိရှဲ တို့သည်အထံတော်သို့လာ၍ လူသည်ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလောဟု စုံးစမ်းနှောင့်ရှက်ခြင်းငှါမေး လျှောက်ကြသော်၊
၎ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်း ကိုဖန်ဆင်းတော်မူ၏။
၅ ထိုအကြောင်း ကြောင့်ယောက်ျား သည်ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကိုသင်တို့မဘတ်ဘူးသလော။
၆ ထိုကြောင့်လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသော အရာကိုလူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
၇ ဖာရိရှဲ တို့ကလည်း၊ ထိုသို့မှန်လျှင်ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါမောရှေသည် အဘယ်ကြောင့်စီရင် သနည်းဟု လျှောက်ကြသော်၊
၈ ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသော အခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။
၉ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှ တပါးအခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဘက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည် ဟုမိန့်တော်မူ၏။
၁၀ တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင် စုံဘက်ခြင်းကို မပြုကောင်းပါဟု လျှောက်ကြ၏။
၁၁ ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
၁၂ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှါ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူ နိုင်သောသူသည် ခံယူစေဟု မိန့်တော်မူ၏။
၁၃ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည် ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
၁၄ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
၁၅ သူငယ်တို့ အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှကြွသွားတော်မူ၏။
၁၆ ထိုအနောက် လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
၁၇ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ် ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
၁၉ မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ် အကျင့်လိုသေးသနည်း ဟု လျှောက်ပြန်လေ၏။
၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွားလော့ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
၂၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။
၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
၂၅ ထိုသူတို့သည် ကြားလျှင် အလွန်မိန်းမောတွေဝေ ခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆိုကြ၏။
၂၆ ယေရှု သည်လည်း၊ သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှု တို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
၂၇ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည်ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလလူတဆယ်နှစ်မျိုးကို စစ်ကြော စီရင်ရကြလတံ့။
၂၉ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန်၍၊ ထိုသူသည် အဆတရာသောအကျိုးကို ရ၍ ထာဝရ အသက်ကို အမွေခံရလတံ့။
၃၀ နောက်ကျသော သူအများတို့သည် အရင်ကျကြလိမ့်မည်၊ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်