ဒေသနာကျမ်း အခန်းကြီး ၁၁
၁ သင်၏ အစာကို ရေပေါ်မှ ပစ်ချလော့။ ကာလကြာမြင့်မှ တဖန်တွေ့လေဦးမည်။
၂ လူခုနှစ်ယောက် မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။
၃ မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ မြေပေါ်မှာရွာတက်၏။ သစ်ပင်သည် တောင်ဘက်သို့လဲသည်ဖြစ်စေ၊ မြောက်ဘက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
၎ လေကို မှတ်တက်သောသူသည် မျိုးစေ့ကို မကြဲ။ မိုဃ်းတိမ်တို့ကို ပမာဏပြုတတ်သော သူသည် လည်းစပါးကိုမရိပ်ရာ။
၅ နံဝိညာဉ်သွားရာလမ်း ကိုင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမဝမ်း၌ အရိုးတို့သည် အဘယ်သို့ တိုးပွါးသည်ကိုင်း၊ မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ အမှုတော်တို့ကို မသိနိုင်၊၊
၆ နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့၊၊ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကိုင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှ အကျိုးရှိမည်ကို င်း မသိနိုင်
၇ အကယ်စင်စစ် အလင်းသည် ချို၏။ နေရောင်ခြည် ကိုမြင်၍ ပျော်ပါစရာရှိ၏။
၈ သို့ရာတွင်၊ လူသည် အသက် တာရှည်၍ အစဉ်ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့ သမျှတို့သည် အနတ္တသက်သက် ဖြစ်ကြ၏။
၉ အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့၊ အသက် ပျိုစဉ် ကာလ တွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ညာဏ်ပြသောလမ်းကို လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကိုအပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။
၁၀ သို့ဖြစ်၍၊ စိတ်ည‡ိုး ငယ်ခြင်း အကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်း အရာသည်အနတ္တဖြစ်၏။