ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၇
၁ ယုဒရှင်ဘုရင်သြဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌ ရူရိရှင်ဘုရင်ရေဇိန်မင်းနှင့် ဣသရေလ ရှင်ဘုရင်ရေမလိမင်း၏သား ပေကာမင်းတို့သည် ယေရုရှလင်မြို့ကို တိုက်ခြင်းငှါချီလာကြ၏၊၊ သို့သော် လည်း အကြံမမြောက်နိုင်ကြ၊၊
၂ ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌ သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏ နှလုံးသည်တုန်လှုပ်လျက် ရှိကြ၏။
၃ ထိုအခါထာဝရဘုရားသည် ဟေရှာယကိုမိန့်တော်မူသည်ကား၊ သင်သည် သင်၏သား ရှာယာရှုပ်နှင့်အတူ သွား၍၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင်ဆို ရမည်မှာ၊
၎ သတိပြု၍ ငြိမ်သက်စွာနေလော့၊၊ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်း ဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏ သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်၊၊
၅-၆ ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ရှက်ကြကုန်အံ့၊၊ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကိုမင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်တဘက်၌ မကောင်းသောအကြံကို ကြံကြ သော်လည်း၊
၇ ဘုရားရှင်ထာဝရဘုရားက ထိုအကြံမတည်ရ၊၊ ထိုသို့မဖြစ်ရ၊၊
၈ ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့၊၊
၉ ဒမာသက်မြို့၏ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရ၏၊၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့၊ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏၊၊ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်၊၊ သင်တို့သည်မယုံလျှင် မတည်ရကြဟုမိန့်တော်မူ၏၊၊
၁၀ တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့၊၊
၁၁ နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊
၁၂ အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏၊၊
၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကိုငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊
၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊
၁၅ ထိုသူသည် မကောင်းသော အရာကိုပယ်၍၊ ကောင်းသော အရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်၊၊
၁၆ ထိုသူငယ်မကောင်း သောအရာ ကိုမပယ်၊ ကောင်းသောအရာကိုမရွေးမယူတတ်မှီ၊ သင်ကြောက်သောရှင်ဘုရင်နှစ်ဦး အစိုးရသော ပြည်သည် စွန့်ပစ် သောအရပ်ဖြစ်လိမ့်မည်၊၊
၁၇ ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့်ကွာ သွားသောနေ့မှစ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရ ဘုရားသည်သင်၏အပေါ်၌င်း၊ သင်၏ လူများအပေါ်၌င်း၊ သင်၏အမျိုးရင်းအပေါ်၌င်း၊ ရောက်စေတော်မူမည်၊၊
၁၈ ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုင်း၊ အာရှုရိပြည်၌ရှိသောပျားကောင် ကိုင်း၊ နှိုးဆော်တော်မူသဖြင့်၊
၁၉ သူတို့သည်လာ၍လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများ၊ အပေါ်မှာ အကုန်အစင်နားကြလိမ့်မည်၊၊
၂၀ ထိုကာလတွင် မြစ်ကြီးတစ်ဘက်၌နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူ သောငှါးသောသင်တန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကိုရိတ်တော်မူမည်၊၊ မုတ်ဆိတ်ကိုလည်းပယ်ရှင်း တော်မူမည်၊၊
၂၁ ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကို မွေးစားလျှင်၊
၂၂ သူတို့၌များစွာ သောနို့ကိုရသဖြင့် နို့ဓမ်းကိုစားရ၏၊၊ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့်ပျားရည်ကိုသာ စားရကြ လိမ့်မည်၊၊
၂၃ ထိုအခါစပျစ်နွယ်ပင် တထောင်ရှိ၍၊ ငွေတထောင်အဘိုး ထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုး သက်သက်ဖြစ်ရလိမ့်မည်၊၊
၂၄ လေးနှင့်မြ‡ားကိုဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်၊၊ မြေတပြင်လုံး၌ ဆူးပင်မျိုး သက်သက်ဖြစ်ရလိမ့်မည်၊၊
၂၅ ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့သည် ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချည်းဝံ့သဖြင့်၊ နွားလွတ်၍ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရကြလိမ့်မည်ဟုဟောလေ၏၊၊