၁ ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြောစရာဘို့၊ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။
၂ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ မိန့်တော်မူသည်ကား၊ ပြည်တော် တွင်ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်းငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်း မည်။ ပရောဖက်လုပ်သောသူတို့ကိုင်း၊ ညစ်ညူးသောဝိညာဉ်ကိုင်း ပြည်တော်မှနှင်ထုတ်မည်။
၃ လူတစုံတယောက် သည် ပရောဖက်ပြုသေးလျှင်၊ ဘွားမြင်သောမိဘတို့က သင်သည် ထာဝရဘုရား၏ နာမကို အမှီပြု၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ
၎ တို့သည် သူ့ကိုထုတ်ချင်းခပ် ထိုးကြလိမ့်မည်။ ထိုကာလ၌ ပရောဖက်သည် ဟောပြောသောအခါ မိမိမြင်သော ရှုပါရုံကြောင့် ရှက်လိမ့်မည်။ သူတပါးကို လှည့်စားမည်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။
၅ အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ်သောသူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။
၆ သူတပါးကလည်း၊ သင့်လက်၌ပေါ်သော ဒဏ်ရာကားအဘယ်သို့ နည်းဟု မေးလျှင်၊ ဤဒဏ်ရာကား၊ အကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသောဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
၇ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏အပေါင်း အဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုးထိန်းကိုရိုက်သတ်လော။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင်ရကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည်ငါ့လက်ကိုတင်ဦးမည်။
၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးသုံးစုတွင် နှစ်စုကိုပယ်ဖျက်၍ အသေခံရသဖြင့်၊ တစုသာကျန်ကြွင်း ရလိမ့်မည်။ ထိုတစုကိုမီးအလယ်သို့ ငါရှောက်သွား စေမည်။ ငွေကိုချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကိုစုံးစမ်းသကဲ့သို့ စုံးစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနား ထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။