ဟေဗြဲသြဝါဒစာ အခန်းကြီး ၁
၁ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။
၂ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။
၃ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော် တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
၎ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမတော်ထူးမြတ်သောသူဖြစ်တော်မူ၏။
၅ အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီးဟူ၍၄င်း၊ ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်းငါ၏သားဖြစ်လိမ့်မည် ဟူ၍၄င်း၊ အဘယ်မည် သောကောင်းကင်တမန်ကို တခါမျှမိန့်တော်မူသနည်း။
၆ တနည်းကား၊ သားဦးကိုဤလောကသို့သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူကိုပြပ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။
၇ တနည်းကား၊ မိမိတမန်တို့ကိုလေကဲ့သို့၎င်း၊ မိမိအစေ အပါတို့ကိုမီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော ဟုကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။
၈ သားတော် ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏။
၉ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့်၊ အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီဟု လာသတည်း။
၁၀ တဖန်ကျမ်းစာလာသည်ကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုဃ်းကောင်ကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။
၁၁ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက် သော်လည်း ကိုယ်တော်သည်အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊
၁၂ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။
၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီ တိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သောကောင်းကင် တမန်ကိုတခါမျှမိန့်တော်မူဘူးသနည်း။
၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကိုပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည်မဟုတ်လော့။