ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၈
၁ တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက်မြန်မြန် ဖျက် လော့ဟုဆိုလိုသော၊ မဟေရရှာလလဟာရှာဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အားမိန့်တော်မူ၏၊၊
၂ ထိုအခါသက်သေခံစေခြင်းအလိုငှါ၊ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သားဇာခိရိတို့ကို ငါခေါ်ထား၏၊၊
၃ ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓြေွစွဲယူ၍ သားယောက်ျားကိုဘွားမြင်လေ၏၊၊ ထာဝရဘုရား ကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ် ဟူသော အမည်ဖြင့်မှည့်လော၊၊
၎ အကြောင်းမူကား၊ ထိုသူငယ်သည် အမိအဘဟုမခေါ် တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏၊၊
၅-၆ တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည်ဖြည်းညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊ ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊
၇ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင်တည်း ဟူသော၊ ခွန်အားဗလကြီး၍ များသောမြစ်ရေနှင့်သူတို့ လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍ မိမိကလမ်းများကို လျှံလျက်၊
၈ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍ လည်ပင်းတိုင်အောင်မှီလိမ့်မည်၊၊ သူ၏အတောင်တို့ကိုလည်းဖြန့်သဖြင့် ကိုယ်တော်၏ မြေတပြင်လုံးကို အုပ်မိုးလိမ့် မည် အိုဧမာနွေလဟု မိန့်တော်မူ၏။
၉ အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့၊၊ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့၊၊ ခါးစည်း ၍ မှိုင်တွေကြလော့၊၊ ခါးစည်း၍ မှိုင်တွေကြလော့၊၊
၁၀ တိုင်ပင်ကြလော့၊၊ သင်တို့အကြံသည်ပျက်လိမ့်မည်၊၊ စီရင်ကြလော့။ စီရင်သည်အတိုင်းမတည်ရ၊၊ အကြောင်းမူကား၊ ဘုရားသခင်သည်ငါတို့ဘက်၌ ရှိတော်မူ၏၊၊
၁၁ ဤလူမျိုး၏ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကိုသွန်သင်၍ မိန့်တော်မူသည်ကား၊
၁၂ သင်းဖွဲ့ခြင်းဟု ဤလူမျိုးဆိုသမျှအတိုင်းသင်တို့သည် သင်းဖွဲ့ခြင်းဟုမဆိုကြ နှင့်၊၊ သူတို့ကြောက်တတ်သော အရာကို မကြောက်ကြနှင့်၊၊ မထိတ်လန့်ကြနှင့်၊၊
၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားကို ရိုသေခြင်းရှိကြလော့၊၊ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းရှိကြလော့၊၊
၁၄ ထိုသို့ပြုလျှင် ထိုဘုရား သည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်၊၊ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာ ကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့်ထောင်ချောက ဖြစ်တော်မူလိမ့်မည်၊၊
၁၅ ထိုသူအများတို့ သည် ထိမိ၍တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊
၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍ ပညတ်တရားကိုတံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏၊၊
၁၇ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည်ဆိုင်းငံ့လျက်မြော်လင့်မည်၊၊
၁၈ ငါမှစ၍ ငါ့အားထာဝရဘုရားပေး တော်မူသော သူငယ်တို့သည်ရှိကြ၏၊၊ ဇိအုန်တောင်ပေါ်မှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်က၊ ဣသရေလ အမျိုး၌ ပုပ္ပနိမိတ်နှင့်အံ့ဘွယ်သောအရာ ဖြစ်စေခြင်းငှါပေးတော်မူသတည်း၊၊
၁၉ တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော၊၊ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသော သူ၌ ဆည်းကပ်အပ်သလော၊၊
၂၀ တရားတော်ကိုင်း၊ သက်သေခံတော်မူချက်ကိုင်း နားထောင်ကြကုန်၊၊ သူတို့ပြော သော စကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊
၂၁ ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကို ခံလျက် လွန်သွားရကြလိမ့်မည်၊၊ မွတ်သိပ်သော အခါလည်း ကိုယ်ကိုကိုယ်နှောင့်ရှက်၍၊ မိမိတို့ရှင်ဘုရင်နှင့် မိမိတို့ ဘုရား သခင်ကို ကျိန်ဆဲကြလိမ့်မည်၊၊
၂၂ အထက်သို့မျှော်သည်ဖြစ်စေ၊ မြေကြီးကိုကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ၏၊၊ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍ အလင်းကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။