ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၇
၁ ဒါရိမင်းကြီးနန်းစံလေးနှစ် ခိသလုမည်သော
၂ နဝမလလေးရက်နေ့တွင်၊ ထာဝရဘုရား
၃ ရှေ့တော်၌ ဆုတောင်း ခြင်းငှါင်း၊ နှစ်ပေါင်းများစွာ ပဉ္စမလတွင်ငိုကြွေး၍ ခြိုးခြံစွာကျင့်ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရ၏ အိမ်တော်၌ရှိသော ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါင်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကိုဘုရားသခင်၏ အိမ်တော်သို့စေလွှတ်ကြ သောအခါ၊
၎ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ရောက်လာ၍၊
၅ ယဇ်ပုရောဟိတ်နှင့် ပြည်သူပြည်သားအပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ်ပတ်လုံး သင်တို့သည် ပဉ္စမလနှင့် သတ္တမလတွင် အစာရှောင်၍ ငိုကြွေးမြည်းတမ်း သောအခါ၊ အကယ်စင်စစ်ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော့။
၆ စားသောက်သောအခါ၌လည်း ကိုယ်အလိုအလျောက်စားသောက်ကြသည်မဟုတ်လော။
၇ ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ပတ်လည်၌ ရှိသော မြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသောအရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော် တော်မူသော အမိန့်တော်ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။
၈ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဇာခရိသို့ရောက်လာသည်ကား၊
၉ တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကိုတယောက်ကျေးဇူး ပြုကြလော့။
၁၀ မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသော်လည်း၊
၁၁ သူတို့သည် နားမထောင်ဘဲ လွတ်အောင်ရုန်းကြ၏။ မကြားစေခြင်းငှါ၊ နားကိုပိတ်ကြ၏။
၁၂ တရားစကားကိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကိုင်း သူတို့သည်မကြားစေခြင်းငှါ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့မာစေကြ၏။ ထိုကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလွန်အမျက် ထွက်တော်မူ၏။
၁၃ ငါဟစ်ခေါ်၍သူတို့သည် နားမထောင်သကဲ့သို့၊ တဖန်သူတို့သည် ဟစ်ခေါ်၍ ငါလည်းနားမထောင်ဘဲနေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ သူတို့မသိသောလူမျိုး အပေါင်းတို့တွင် လေဘွေတိုက်၍ ငါလွင်ပြီ။ ထိုကြောင့်၊ သူတို့သည် လူဆိတ်ညံလျက်ရှိ အဘယ်သူမျှမသွားမလာ။ သာယာသောပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့်တော်မူ၏။