ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၄၇
၁ ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ၊ ဖိလတ္တိအမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖတ်ယေရမိသို့ ရောက် လာသော နှုတ်ကပတ်တော်အားဖြင့်၊
၂ ထာဝရဘုရားမိန့်တော်မူသည်ကား မြောက်မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသော ပင်လယ်ဖြစ်လျက်၊ တပြည်လုံးနှင့် ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့်မြို့၌နေသော သူတို့ကို၎င်း၊ လွှမ်းမိုး၍၊ သူတို့သည်အော်ဟစ်ကြလိမ့်မည်။ ပြည်သူ ပြည်သားတို့သည် မြည်တမ်းကြလိမ့်မည်။
၃ ရန်သူစီးသော မြင်းခွါသံစိုင်း သောရထားဘီးများ မြည်သံကြောင့်၊ အဘတို့သည်လက်အားလျော့၍ သားတို့ကို ပြန်မကြည့်ကြ။
၎ အကြောင်းမူ ကား၊ ဖိလတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကိုစစ်ကူနိုင်သောသူ အကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည် ရောက်၍၊ ထာဝရဘုရားသည် ဖိလတ္တိအမျိုးသားနှင့် ကျန်ကြွင်းသော ကတ္တောရပြည် သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။
၅ ဂါဇမြို့သည် ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန်မြို့နှင့် ကျန်ကြွင်း သောချိုင့် အရပ်သည်ပျက်စီးပြီ။အဘယ်မျှကာလပတ်လုံး ကိုယ့်အသားကို ခုတ်ဖြတ်ရမည်နည်း။
၆ အိုထာဝရဘုရား ၏ထားတော်၊ သင်သည်အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ့်အိမ်၌ ဝင်၍ နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။
၇ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရား မှာထားတော်မူသောကြောင့်၊ အဘယ်သို့ငြိမ်ဝပ်စွာ နေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှါ ခန့်ထားတော်မူ၏။