Sunday, March 11, 2018

ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၈
၁ တဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်ဇိအုန်တောင်အဘို့ အလွန်စိတ်အား ကြီးပြီ။ အလွန်အမျက်ထွက်၍ သူအဘို့စိတ်အားကြီးပြီ။
၃ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့် တော်မူသည်ကား၊ ဇိအုန်တောင်သို့ငါပြန်လာပြီ။ ယေရုရှလင်မြို့ထဲမှာနေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍င်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ တောင်တော်ကိုသန့်ရှင်းသော တောင်ဟူ၍င်း၊ သမုတ်ကြလိမ့်မည်။
၎ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၊ အိုသောယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့လမ်းတို့၌ နေကြလေဦးမည်။
၅ မြို့လမ်းတို့သည်လည်း ကစားသောသူငယ်ယောက်ျားမိန်းမတို့နှင့် အပြစ်ရှိကြလိမ့်မည်။ မြို့လမ်းတို့သည် လည်း၊ ကစားသောသူငယ်ယောက်ျား
၆ မိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှု ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့မျက်မှောက်၌ အံ့သြဖွယ်ဖြစ်သော် လည်း၊ ငါ့မျက်မှောက်၌ အံ့သြဘွယ်ဖြစ်ရာလေသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၇ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှင်း၊ အနောက်ပြည်မှင်း ငါကယ်တင်၍၊
၈ ဆောင်ခဲ့သဖြင့်၊ သူတို့သည် ယေရုရှလင်မြို့ထဲမှာနေရကြလိမ့်မည်။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်း တရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့်မည်။
၉ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်ကိုတည်ဆောက်ခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အိမ်တော်တိုက်မြစ်ကိုချသော ကာလ၌ရှိသော ပရောဖက်တို့ ဟောပြော  ဤစကားကို ယခုကာလ၌ကြားသောသူတို့ သင်တို့လက်ကိုအားကြီးစေကြလော့။
၁၀ ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ။ ထွက်ဝင်သောသူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည်လူအပေါင်းတို့ကို တယောက်နှင့် တယောက်ရန်ဘက်ဖြစ်စေ၏။
၁၁ ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၂ မျိုးစေ့ကိုငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကိုင်း၊ မြေသည်မိမိစီးပွားကိုင်း၊ မိုဃ်းကောင်းကင်သည် နှင်းရည်ကိုင်း ပေးရလိမ့်မည်။ ကျန်ကြွင်းသောဤလူတို့သည် ဤအရာအလုံးစုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည်။
၁၃ အိုယုဒအမျိုး နှင့် ဣသရေလအမျိုးတို့ သင်တို့သည် တပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဘူးသကဲ့သို့ ကောင်းကြီးခံရာဖြစ်စေခြင်းငှါ၊ ငါကယ်တင်မည်။ မစိုးရိမ္ဘဲလက္အားႀကီးၾကေလာ။
၁၄ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့အမျက်ကို နှိုးဆော်ကြသောအခါ၊ အပြစ်ပြုမည်ဟု ငါသည်နောင်တမရဘဲ ကြံသကဲ့သို့၊
၁၅ တဖန်ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒအမျိုးကိုကျေးဇူးပြုမည်ဟု ငါကြံပြန်၏။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၆ သင်တို့ကျင့်ရမည် အကျင့်ဟူမူကား၊ သင်တို့ရှိသမျှသည် တယောက်နှင့် တယောက်မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝ၌ ဖြောင့်မတ်စွာ စီရင်၍၊ တရားတွေ့သည် အမှုကို ငြိမ်းစေခြင်း ငှါ၊ ဆုံးဖြတ်ကြလော။
၁၇ တယောက်ကိုတယောက်အဘယ်သူမျှ မကောင်းသောအကြံကိုမကြံကြနှင့်။ မမှန်သော ကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၈ တဖန်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊
၁၉ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဉ္စမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုးဝမ်းမြောက်ရွှင်လန်း၍၊ ပွဲလုပ်ရာကာလ ဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကိုနှစ်သက်ကြလော့။
၂၀ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ များစွာသောမြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။
၂၁ မြို့တမြို့၌ နေသောသူသည် အခြားမြို့တမြို့၌နေသောသူတို့ဆီသို့သွား၍၊ ထာဝရဘုရား ရှေ့တော်၌၊ ဆုတောင်းခြင်းငှါင်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာခြင်းငှါင်း၊ ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်းသွားမည်ဟု ခေါ်ကြလိမ့်မည်။
၂၂ ကြီးသောတိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ယေရုရှလင်မြို့၌ရှာ၍ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည်။
၂၃ ထိုကာလ၌ ဘာသာအသီးသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တကျိပ်သောလူတို့သည် ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ဘုရားသခင်သည် သင်နှင့် အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သူတို့နှင့် အတူလိုက်ပါမည်ဟု ဆိုကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။