Sunday, March 11, 2018

ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၃
၁ ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရဘုရား၏ ကောင်းကင်တမန်ရှေ့၌ ရပ်နေသည်ကိုင်း၊ စာတန်သည် ရန်ဘက်ပြု၍ သူ၏လက်ျာဘက်၌ ရပ်နေသည်ကိုင်း၊ ငါ့အားပြတော်မူ၏။
၂ ထာဝရဘုရား၏ ကောင်းကင် တမန်ကလည်း၊ အိုစာတန်၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီသော ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော။ ဤသူသည် မီးထဲကနှုတ်သော ထင်းစဖြစ်သည်မဟုတ်လော့ဟု စာတန်အားဆို၏။
၃ ယောရှုသည် ညစ်ညူးသောအဝတ်ကိုဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊
၎ ကောင်းကင်တမန်က၊ ညစ်ညူးသောအဝတ်ကို ချွတ်ပယ်ကြလောဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့အားဆို၏။ ယောရှုအားလည်း သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သောအဝတ်ကို ငါစေမည်ဟု ဆို၏။
၅ ငါကလည်း၊ စင်ကြယ် သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ်သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ်ကိုဝတ်စေကြ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည်လည်း၊ အနားမှာရပ်နေ၏။
၆ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ ယောရှုအားပညတ်ထားသည်ကား၊
၇ သင်သည်ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကိုစောင့်ရှောက်လျှင်၊ ငါ့အိမ်ကိုစီရင်ရသောအခွင့်၊ ငါ့တန်တိုင်းတို့ကို စောင့်ရသော အခွင့်ရှိလိမ့်မည်။ ရှေ့တော်၌ ရပ်နေသောသူအချို့တို့ကို၊ သင့်အားလမ်းပြရသောသူဖြစ်မည်အကြောင်း ငါခန့်ထားမည်။
၈ အို ယဇ်ပုရောဟိတ်မင်း ယောရှုသင့်ရှေ့မှာနေသော သင့်အပေါင်းအဘော်တို့နှင့် တကွနားထောင်လော။ သူတို့သည် နိမိတ်လက္ခာဏာနှင့် ယှဉ်သောသူဖြစ်ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွတ်ကို ငါပေါ်ထွန်းစေမည်။
၉ ယောရှုရှေ့မှာ ငါထားသောကျောက်ကို ကြည့်ရှုလော့။ ထိုကျောက်တခုကို မျက်စီခုနစ်လုံးကြည့်ရှုလျက် ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တနေ့ခြင်းတွင် ဤပြည်၏ အပြစ်ကိုငါပယ်ရှင်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၀ ထိုနေ့၌ သင်တို့သည် မိမိတို့အိမ်နီးချင်းတယောက်ကို တယောက်စပျစ်ပင်အောက်၊ သင်္ဘောသဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့် မည် ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။