ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၇
၁ ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန် တော်သို့ သွားလေ၏၊၊
၂ လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏၊၊
၃ ဟေဇကိမင်း မှာထားသော စကားဟူမူကား၊ ယနေ့သည်ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောနေ့ဖြစ်၏၊၊ သားဘွား ချိန်ရောက်၍ သားကိုဘွားနိုင်အောင်ခွန်အားမရှိ၊၊
၎ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှါ၊ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရ ဘုရားကြားတော်မူပါစေသော၊၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကိုချေတော်မူပါစေသော၊၊ သင်သည်လည်း ကျန်ကြွင်းသောလူတို့အဘို့ ဆုတောင်းပဌနာပြုပါဟုပြော စေခြင်းငှါ၊၊
၅ ဟေဇကိမင်းစေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏၊၊
၆ ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်၊၊
၇ ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်၊၊ သူသည်သိတင်းကြား၍ မိမိပြည်သို့ပြန်သွားလိမ့်မည်၊၊ ထိုပြည်၌ ထားဖြင့်ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ဟုပြောဆို၏၊၊
၈ ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗနမြို့ ကို ရှင်ဘုရင်တိုက်နေသည်ကိုတွေ့လေ၏၊၊
၉ နောက်တဖန်ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍လာပြီဟု သိတင်း ကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကိုစေလွှတ်ပြန်၍၊
၁၀ သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သောစကားဟူမူကား၊ သင်ကိုးစားသောဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ၍၊ သင့်ကိုမလှည့်စားစေနှင့်၊၊
၁၁ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်း ဖျက်ဆီးကြောင်းကို သင်သည်ကြားရပြီ၊၊ ကိုယ်တိုင်လွတ်လိမ့်မည်လော၊၊
၁၂ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို၊ သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော၊၊
၁၃ ဟာမတ်ကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကိုစိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟုမှာလိုက်လေ၏၊၊
၁၄ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားရှေ့တော်၌ ဖြန့်ထားလေ၏၊၊
၁၅ ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့တော်၌လျှောက်ဆိုသည်ကား၊
၁၆ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏၊၊
၁၇ အိုထာ ဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ၊၊ အိုထာဝရဘုရား မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ၊၊ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကိုကဲ့ရဲ့၍၊ ပြောစေသောစကားအလုံးစုံတို့ကို မှတ်တော်မူ ပါ၊၊
၁၈ အိုထာဝရဘုရား၊ အကယ်စင်စစ်အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍၊
၁၉ သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ၊၊ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ် သောကြောင့်၊ ပျက်စီးခြင်းသို့ရောက်ကြပါပြီ၊၊
၂၀ အိုအကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ထာဝရဘုရား တပါးသာ၊ ဘုရားသခင်ဖြစ်တော် မူသည်ကိုမြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏၊၊
၂၁ ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင်သနခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပဌနာပြုသည်ဖြစ်၍၊
၂၂ ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာ သည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ယယ်၏၊၊ ယေရုရင်လင်သတို့သမီးသည် သင့်နောက်၌ခေါင်းညိတ်၏၊၊
၂၃ သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကိုအော်ဟစ်၍ မျက်နှာထောင်လွှားသနည်း၊၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကိုပင် ပြုပါသည်တကား၊၊
၂၄ သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကိုကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့င်း၊ လေဗနုန်တောင်အထွဋိသို့င်း တက်လာပြီ၊၊ အရပ်မြင့်သောအာရဇ်ပင် နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ၊၊ အမြင့်ဆုံးသော အရပ်၊ အသီးများသောတောထဲသို့ ငါဝင်ပြီ၊၊
၂၅ ငါသည်တွင်းတူး၍ရေကိုသောက်ရပြီ။ ငါ၏ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
၂၆ ငါသည် အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော၊၊ ယခုမှာလည်း သင်သည်ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍ ကျော်ပုံဖြစ်စေသော သူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ၊၊
၂၇ ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏၊ မှိုင်တွေ၍စိတ်ပျက်လျက်ရှိကြ၏၊၊ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့င်း၊ အိမ်မိုးပေါ်မှာပေါက်သော မြက်ပင်နှင့်၊ မကြီးမှီညိ‡ုးနွမ်းသော စပါးပင်ကဲ့သို့င်းဖြစ်ကြ၏။
၂၈ သင်၏နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကိုငါသိ၏၊၊
၂၉ ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်၊၊
၃၀ သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သောအသီးအနှံကိုင်း၊ ဒုတိယနှစ် တွင် ထိုအတူ ပေါက်သောအရာများကိုင်း သင်တို့သည် စားရမည်၊၊ တတိယနှစ်တွင်မျိုးစေ့ကိုကိုကြဲ၍ စပါးကိုရိတ် ကြလော့၊၊ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကိုစားကြလော့၊၊
၃၁ ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာအသီး သီးကြလိမ့်မည်၊၊
၃၂ ကျန်ကြွင်းသောသူတို့သည် ယေရုရှလင် မြို့ထဲကင်း၊ ဘေးလွှတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကင်း၊ ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
၃၃ သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရှိ ရှင်ဘုရင်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့မဝင်ရ။ မြို့ထဲသို့မြ‡ားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
၃၄ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့မဝင်ရ။
၃၅ ငါသည် ကိုယ်မျက်နှာကိုင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို င်းထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၃၆ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစောထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
၃၇ အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထိုအရပ်မှ ထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ၏။
၃၈ နောက်တဖန် သူသည် မိမိဘုရားနိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကိုထားနှင့် သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော်ဧသရဟဒ္ဒုန် သည်လည်း၊ ခမည်း တော်အရာ၌ နန်းထိုင်၏။