Sunday, March 11, 2018

ရှင်မာကုခရစ်ဝင် အခန်းကြီး ၂
၁ နောက်တနေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊
၂ တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျှင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။
၃ ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။
၎ လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကိုဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျော့ချကြ၏။
၅ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်း ကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အ
၆ ပြစ်ကိုလွတ်စေပြီ ဟု မိန့်တော်မူ၏။ ထိုအရပ်၌
၇ ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျုး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင် မှတပါး အဘယ်သူသည်အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။
၈ သူတို့စိတ်ထဲမှာ ထိုသို့ထင် မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဥာဏ်အားဖြင့် ချက်ခြင်းသိတော် မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။
၉ လက်ခြေသေသောသူအား အဘယ် စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ် ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ယာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သ လော။
၁၀ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ၊
၁၁ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
၁၂ ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ယာ ကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူအပေါင်း တို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှ မမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
၁၃ နောက်တဖန် အိုင်နားသို့ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့ လာကြလျှင်၊ သူတို့အား ဆုံးမသြဝါဒ ပေးတော်မူ၏။
၁၄ လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာ တဲ၌ ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၁၅ ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။
၁၆ ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း ဟု တပည့်တော်တို့အားဆိုကြ၏။
၁၇ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
၁၈ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။
၁၉ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။
၂၀ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူဆောင်သွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
၂၁ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖါလေ့မရှိ။ ထိုသို့ ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။
၂၂ ၎င်းနည်း ဟောင်းသောသားရေဘူးး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည် သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်းပျက်ဆီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
၂၃ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်လျက် ခရီးသွားကြ၏။
၂၄ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊
၂၅ ကိုယ်တော်က၊ ယဇ်ပရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊
၂၆ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပရော ဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကိုစား၍ မိမိအဘော်တို့အားပေးသည် အကြောင်းကို သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။