ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၈
၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊
၂ အချင်းလူသား၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရားဖြစ်ပါ၏၊ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
၃ သင်သည် ဒံယေလထက် သာ၍ပညာရှိပါသည်တကား။ သည်မသိရအောင် သူတပါးဝှက်ထားနိုင်သောအရာ တစုံတခုမျှမရှိ။
၎ ကိုဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကိုဆည်းဖူးပြီ။
၅ ထူးဆန်းသောပညာနှင့် ကုန်စလယ်များအားဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
၆ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့်၊
၇ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသားတို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်းအသရေကို ရှုတ်ချကြလိမ့်မည်။
၈ သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ်၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့်မည်။
၉ သင့်အသက်ကို သတ်သောသူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကိုသတ်သော သူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
၁၀ အရေဖျားလှီးခြင်းမခံသောလူ သေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့လက်ဖြင့် သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၁၂ အချင်းလူသား၊ တုရုရှင်ဘုရင်အတွက် မြည်တမ်းသောစကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင်တင်ခြင်းအသရေလည်း စုံလင်လျက်ရှိ၏။
၁၃ ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြားအစရှိသော ကျောက်မျက်အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့်လုပ်သောပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသောနေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
၁၄ သင်သည် ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။
၁၅ ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့ တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
၁၆ သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ မြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သောသူကဲ့သို့၊ သင့်ကို ဘုရားသခင်၏ တောင်တော်ပေါ်က နှင်ထုတ်မည်။ အိုလွှမ်းမိုးသောခေရုဗိမ်၊ မီးတောက်သောကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။
၁၇ သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့် ဝါကြွားသောစိတ် ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု့၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။
၁၈ သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သောသူ အပေါင်းတို့ရှေ့မှာ၊ သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။
၁၉ သင့်ကို သိသောလူအမျိုးမျိုးတို့သည် သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရဟု မိန့်တော်မူ၏။
၂၀ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၂၁ အချင်းလူသား၊ သင်သည် ဇိအုန်မြို့တ ဘက်၌ မျက်နှာထား၍ ပရောဖတ်ပြုလျက်၊
၂၂ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက် ၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသော အခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။
၂၃ သင့်အပေါ်သို့ ကာလနာ ဘေးကိုင်း၊ သင်၏လမ်းတို့၌ ထားဘေးကိုင်း၊ ငါစေလွှတ်၍ ပတ်လည်၌ တိုက်သောထားဖြင့် သူရဲတို့သည် သင့်အလယ်၌လဲ၍ သေကြသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
၂၄ ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၌ နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူးတက်သော ဆူးပင်၊ နှောင့်ယှက်တက်သော ငြောင့် တစုံတခုမျှ မကျန်ကြွင်းရ။ ငါသည်ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန်တော်မူ၏။
၂၅ တဖန်အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့သည် ကွဲပြားလျက်နေရသော လူအမျိုးမျိုးထဲက ငါခေါ်၍ စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကို ငါခံ၍၊ ငါ့ကျွန်ယာကုပ်အား ငါအရင်ပေးသော ပြည်သူတို့သည် နေကြလိမ့်မည်။
၂၆ ထိုပြည်၌ စိုးရိမ်စရာ မရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက်ပျိုး ခြင်း အမှုကိုပြူ၍ နေကြလိမ့်မည်။ သူတို့ပတ်လည်၌ နေ၍ မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည်အပြစ်ဒဏ် စီရင်သောနောက် သူတို့သည် စိုးရိမ်စရာ မရှိဘဲနေ၍၊ ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။