၁ အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။
၂ အိုထာဝရဘုရား အကျွန်ုပ်သည်ခွန်အားနည်းလှပါ၏။ ကယ်မသနား တော်မူပါ။ အိုထာဝရ ဘုရား အကျွနု၏အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။
၃ အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန် တုန်လှုပ်ပါ၏၊၊ အိုထာဝရဘုရား ကိုယ်တော်သည် အဘယ်မျှ ကာလပတ်လုံး နေတော်မူမည်နည်း။
၎ အိုထာဝရဘုရား တဖန်ကြွလာ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။
၅ ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင် တော်မူပါ။ အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်း မရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း၊၊
၆ အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ် ခုတင်ကို ကိုယ်မျက်ရည်၌ တညဥ့်လုံးမျှော၍ အိပ်ရာကိုလည်းမွန်းစေပါ၏။ ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍ ရန်သူများသော ကြောင့် ပြာမှုန်လျက်ရှိ၏။
၇ မတရားသဖြင့်ပြုသောသူအပေါင်းတို့ ငါ့ထံမှဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရားကြား တော်မူ၏။
၈ ငါတောင်းပန်ခြင်းကို ထာဝရဘုရားကြားတော်မူ၏။ ငါပြုသောပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏၊၊ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ဆုံးရှုံးခြင်း ရှိကြလိမ့်မည်၊၊ ချက်ခြင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်၊၊