Sunday, April 8, 2018

ဆာလံကျမ်း အခန်းကြီး ၁

၁ ဒါဝိဒ်သည်ဗင်္ယာမိန် အမျိုးသားကုရှ၏စကားကြောင့်ထာဝရဘုရားရှေ့တော်၌ အသံညှိ၍ဆိုသောဆာလံ၊၊ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊ အကျွန်ုပ်ကိုညှင်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
၂ သို့မဟုတ် နှုတ်ယူသောသူမရှိစဉ် ရန်သူသည် ခြင်္သေ ကဲ့သို့ အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်၊၊
၃ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ထိုသို့ပြုသော်၎င်း၊ အကျွန်ုပ်လက်မှာအဓမ္မအမှုရှိသော်၎င်း၊  အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍ အကြောင်းမရှိဘဲလျက်ပြုသောသူကို အကျွန်ုပ်ညှင်းဆဲသော်၎င်း၊ ထိုသို့သော အပြစ်တစုံတခုရှိလျှင်၊
၎ ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လိုက်၍ မှီပါစေ၊၊ အကျွန်ုပ်အသက်ကို မြေပေါ်မှာ နင်း၍ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ၊၊
၅ အိုထာဝရဘုရား၊ အမျက်တော် ထွက်၍ ထတော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ၊၊ အကျွန်ုပ်အဘို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တောမူပါ။
၆ လူမျိုးတို့သည် စည်းဝေး၍ ကိုယ်တော်ကိုဝန်းရံကြလျက်၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ၊၊
၇ ထာဝရဘုရား သည် လူမျိုးတို့ကို တရားစီရင်တော်မူ၏၊၊ အိုထာဝရဘုရား အကျွန်ုပ်ဖြောင့်မတ်ခြင်းကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွနု်ပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ၊၊
၈ မတရားသောသူတို့၏ အဓမ္မအမှုကို ဆုံးရှုံးစေ၍ တရားသောသူတို့ကို မြဲမြံစေတော်မူပါ၊၊ တရားသဖြင့် ပြုတော်မူသော ဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ ၏၊၊
၉ သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏ အကွယ်အကာ ဖြစ်တော်မူ ၏၊၊
၁၀ ဘုရားသခင်သည် တရားသဖြင့် စီရင်သောဘုရားဖြစ်၍ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ၏၊၊
၁၁ ထိုသူသည် မပြောင်းလဲလျှင် ထားတော်ကို သွေးတော်မူ၏၊၊ လေးတော်ကို တင်၍ ရွယ်တော်မူ၏၊၊
၁၂ သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင်၍ မြ‡ားတော်တို့ကို လောင်စေတော်မူ၏။
၁၃ ထိုသူသည် ဒုစရိုက်ဘွားသော  ဝေဒနာကို ခံရ၏၊၊ မကောင်းသောအကြံအစည်ကို ပဋိသန္ဓြေွယူ၍ စိတ်ပျက်ခြင်းကို ဘွားမြင်တတ်၏။
၁၄ တွင်းကိုလည်း နက်စွာတူးသဖြင့် မိမိတူးသော တွင်းထဲသို့ မိမိကျတတ်၏၊၊
၁၅ မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာ ပြန်ရောက်၍ မိမိကြမ်းတမ်းသော အမှုသည်မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏၊၊
၁၆ ငါမူကား ထာဝရဘုရား၏ တရားသော အမှုတော်ကို ချီးမွမ်း၍ အမြင့်ဆုံးသော ထာဝရဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊၊