၁ အိုထာဝရဘုရား အကျွန်ုပ်၏စကားကို နားထောင်တော်မူ၍ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ၊၊
၂ အကျွန်ုပ်၏ ရှင်ဘုရင် အကျွန်ုပ်၏ဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ၊၊
၃ အိုထာဝရဘုရား နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရ ပါ၏၊၊ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။
၎ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊
၅ မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊
၆ မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။
၇ အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော်မူပါ၊၊
၉ သူတို့နှုတ်တွင် သစ္စာမရှိပါ၊ သူတို့နှလုံးသည် အလွန် ဆိုးဝါး၏၊၊ သူတို့၏ လည်ချောင်းသည်ဖွင့်ထားသော င်္သချိုင်းတွင်းဖြစ်ပါ၏၊၊ သူတို့သည် လျှာနှင့်ချော့မော့တတ်ကြ၏။
၁၀ အိုဘုရားသခင် သူတို့အပေါ်မှာ အပြစ်ရောက်စေတော်မူပါ၊၊ မိမိတို့ အကြံအစည်အားဖြင့် လဲကြပါစေသော။ ကိုယ်တော်ကိုပုန်ကန်သောသူဖြစ်၍ ပြစ်မှားသော အပြစ်များသောကြောင့် သူတို့ကိုနှင်ထုတ်တော်မူပါ။
၁၁ ကိုယ်တော်ကို ကိုးစားသောသူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာ ရွှင်လန်းခြင်းရှိကြပါစေသော။
၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း၊၊